Kishore Kumar Hits

Sai Sai Kham Leng - Ta Ko Taw Valentine - Live / 2019 lyrics

Artist: Sai Sai Kham Leng

album: SAISAI Through The Years


အိုး မင်းစိတ်တိုင်းကျပဲပေါ့အချစ်ရယ်
ဘာမှမပြောဘူး မင်းသဘောပဲ
မင်းရဲ့အနားမှာ ငါကိုယ်ရံတော်လိုပဲ
အခုတော့မင်းက ပြောတယ်မေ့ပစ်လိုက်
ဘာမှမငြင်းဘူး မင်းသဘောအတိုင်း
ငါ့မှာတော့ တကိုယ်တော် ဗယ်လင်န်တိုင်း
ကလေးရေ ကလေးရေ
ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း
အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ
ငါရူးနေလို့ ငါရူးနေလို့
ကလေးရေ ကလေးရေ
လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း
လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင်
ကြွေကွဲနေလို့ ကြွေကွဲနေလို့
တခါတရံမှာ အချစ်က ကစားပွဲလို
အနိုင်နဲ့ပိုင်းပြီးတော့ ထားခဲ့လို့
အမှန်နဲ့အမှားတွေစဉ်းစား နင်ပြောတဲ့စကားက
ငါတယောက်တည်း မှားခဲ့သလို
ငါလေမငြင်းဆန်ခဲ့ပါဘူး ဘာမဆိုမင်းစိတ်အတိုင်းသာလုပ်
ချောင်မှာထိုးချင်ထိုး တခါတလေ ဖတ်ချင်ဖတ်
မင်းအတွက် ငါကာတွန်းစာအုပ်
နောက်ဆုံးနိဂုံးချုပ်တော့လည်း နင်လုပ်ရက်တာပဲ
ဓာတ်ပုံတွေ ပို့စ်ကဒ်အပိုင်းအစတွေ လွှင့်ပစ်ခဲ့
အိမ်မှာထမင်းတွေ ဟင်းတွေချက် ပြီးတော့အတူတူစားခဲ့တာ
ဖုန်းတွေပြော တစ်ညလုံးပြော မိုးလင်းတော့ ဘုရားကိုသွားခဲ့တာ
တနေကုန်လျှောက်လည်ရင်း ကားကပျက် တကယ်ကိုအမှတ်တရ
နွေရဲ့ပူလောင်မှုတွေလည်း လုံးဝဂရုမစိုက်ခဲ့
ဒါတွေက အိပ်မက်တစ်ခုလိုပဲ လွင့်ပျောက်ခဲ့
အင်း ငါတစ်ယောက်တည်း
ကလေးရေ ကလေးရေ
ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း
အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ
ငါရူးနေလို့ ငါရူးနေလို့
ကလေးရေ ကလေးရေ
လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း
လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင်
ကြွေကွဲနေလို့ ကြွေကွဲနေလို့
အချစ်နဲ့စား အချစ်နဲ့သွား ဘဝကို အချစ်နဲ့တည်ဆောက်ထားတာ
မင်းကတကယ်ကိုမမြင်တာလား ဒါမှမဟုတ်
မမြင်ချင်ယောင်ဆောင်နေတာလား
အချစ်ကဘဝလောကနိဗ္ဗာန်တစ်ခုလို့ ငါထင်မှတ်ဆဲပါ
ဒဏ္ဍာရီထဲက ပုံပြင်ထဲကအချစ်လို ငါကြင်နာခဲ့တာ
အလုပ်အကိုင်တွေလဲပျက်ကွက်လို့
အရာရာ မင်းတစ်ယောက်တည်းငဲ့ကွက်လို့
ငါ့အတ္တတွေလည်းချိုးနှိမ် မာန်မာနတွေလည်းချိုးဖျက်လို့
ရူးသွပ်စွဲလမ်း ဒီမိုးကုပ်စက်ဝိုင်းအောက်မှာ
မင်းနာမည်တစ်ခုတည်း ရေးထိုးခဲ့ ငါ့ရင်ဘက်ထဲကကျောက်စာ
အိပ်ရာကနိုးတဲ့မနက်တိုင်းပေါ့ ဖုန်းမှာအသည်းအသန်ရှာ
မင်းရဲ့နံပါတ် မတွေ့တော့မှ သက်ပြင်းတွေချ
ဆုံနေကျစားသောက်ဆိုင်တွေမင်းကမပါလို့မသွားတော့ပါ
ဒီလိုပဲငါ့ရဲ့ဘဝ မင်းကစာနာ နားလည်ပါ အချစ်ရေ
ကလေးရေ ကလေးရေ
ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း
အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ
ငါရူးနေလို့ ငါရူးနေလို့
ကလေးရေ ကလေးရေ
လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း
လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင်
ကြွေကွဲနေလို့ ကြွေကွဲနေလို့
ဘက်ဂီယာထိုးပြီးတော့အနောက်ပြန်ဆုတ်လို့ရရင်
ဗွီဒီယိုရုပ်ရှင်တွေလိုအစက ပြန်ပြီးစချင်တယ်
ဒီလိုသာ ဘဝကိုပြန်ပြီး အရှေ့ကို ရစ်လို့ရရင်
ပြဿနာဖြစ်တဲ့ နေ့တွေညတွေ အားလုံးကျော်လွှားသွားချင်တယ်
မနက်တိုင်းက ဗယ်လင်န်တိုင်းပေါ့ မင်းအတွက်နှင်းဆီပန်းတွေနဲ့
မင်းနှုတ်ခမ်းမှာ အနမ်းတွေနဲ့ ဖုန်းထဲမှာလည်း အလွမ်းတွေနဲ့
ဒါပေမဲ့အခုအခါ မဖြစ်ချင်တာတွေဖြစ်နေတယ်
ဘဝဆိုတာက အဆန်းတကြယ်
ငါ အတိုင်းအဆမဲ့ လွမ်းနေတယ် လွမ်းနေတယ်
ကလေးရေ ကလေးရေ
ချစ်တဲ့စိတ်နဲ့ ဟစ်အော်နေတုန်း
အချစ်ရဲ့နေ့မှာ တစ်ယောက်တည်း အထီးကျန်နေသူ
ငါရူးနေလို့ ငါရူးနေလို့
ကလေးရေ ကလေးရေ
လွမ်းတဲ့စိတ်နဲ့ လိုက်ရှာနေတုန်း
လမ်းမထက်မှာလေ စုံတွဲလေးတွေမြင်ရင်
ကြွေကွဲနေလို့ ကြွေကွဲနေလို့

Поcмотреть все песни артиста

Other albums by the artist

Similar artists