Kishore Kumar Hits

Sai Sai Kham Leng - Lain San Nyar San lyrics

Artist: Sai Sai Kham Leng

album: Sai Sai Is Sai Sai


လိမ်စမ်းညာစမ်း နှလုံးသားကို
အရည်ပျော်သွားအောင်လို့
နင်မရှိရင် မဖြစ်တဲ့ငါ့ကို
အနိုင်ယူလိုက်ပါဦး
မင်းအကြောင်းတွေစဉ်းစားပြီး ငါအလုပ်အကိုင်ပျက်
မင်းကတော့ ဆရာမကြီးပါပဲ ငါ့ဘဝကို ချုပ်ကိုင်ခဲ့
ငါ့မှာ အိပ်ရေးတွေပျက် အိမ်စာတွေမလုပ်နိုင်ဘဲ
မနက်ဆိုရုံးနောက်ကျခဲ့ အလုပ်တောင်ပြုတ်နိုင်တယ်
ငါဒီမှာ ရူးသွပ်လို့သွားအောင် မင်းကပြုစားနေတာ
ဒါပေမယ့်မင်းပြောတဲ့ စကားတွေတိုင်းက မုသားတွေပါ
မင်းရဲ့ကြိုးဆွဲရာကမယ့် ငါကရုပ်သေးတစ်ခုလားတဲ့
အရာရာမင်းအတွက် ဘာမှမငြင်းဘဲ အလုပ်အကျွေးပြုမှာပဲ
မင်းသတင်းတွေလည်း အတင်းအဖျင်းတွေပဲလို့
ငါယူဆပြီးတော့ လူတွေနဲ့လည်း ကင်းကင်းနေတယ်
သူငယ်ချင်း အချင်းချင်းတွေကတောင် ဒီကောက်သိပ်ဒူတယ်တဲ့
ငါဂရုမစိုက်ဘူး မင်းအတွက်ပဲ စိတ်ပူပါတယ် Yeah
အမြဲတမ်းပဲ မင်းကငါ့ကိုရူးအောင်ချွဲ
မင်းပြောတဲ့ ပုံပြင်တွေလည်း အတုအယောင်ပဲ
ဒီတစ်ယောက်နဲ့မှ ဟိတ်ကောင်မင်း ဘာဖြစ်တာလဲ
လာမပြောကြနဲ့ ငါမသိဘူးချစ်မှာပဲ
လိမ်စမ်းညာစမ်း နှလုံးသားကို
အရည်ပျော်သွားအောင်လို့
နင်မရှိရင် မဖြစ်တဲ့ငါ့ကို
အနိုင်ယူလိုက်ပါဦး
နင်ဘယ်လိုဆိုးမလဲ သိပါတယ်
ဘယ်လိုလှည့်စားမလဲ နားလည်တယ်
လိမ်ပေါ့ညာပေါ့ ငါ့ဘဝကို
လိမ်ညာလိုက်ပါဦး
မင်းငါ့ကို အနိုင်ယူပါဦး ငါကပဲ အရှုံးပေးပါတယ်
နောက်တစ်ခေါက် ဟန်ဆောင်ပါဦး ငါကတော့ဒုံးဝေးပါတယ်
သမင်မျက်လုံးလေးနဲ့ ကလေးတစ်ယောက်လို အထာမျိုးတွေနဲ့
ငါတစ်ယောက်တည်း ရှိတယ်ဆိုပြီး ဘာအချိုးတွေလဲ ဟင်
ငါမသိဘဲ ယောက်ကျားလေးတွေ အိမ်အလည်လာတယ်
အမြဲတမ်းပဲ ဆင်ခြေတွေနဲ့ ငါ့ကိုလိမ်လည်ပါတယ်
ငါ့မှာ သိမ်ငယ်လာတယ် တော်ပါပြီ မကျိန်တွယ်ပါနဲ့
လက်ထပ်ဖို့ပြောလိုက်တိုင်းလည်း အချိန်တွေကိုဆွဲ
တခါတလေဆို မျက်ရည်တောင်လည်တယ် ညတွေနက်နေပေမယ့်
မင်းအပြင်ထွက်နေတာလည်း ငါသိတော့ခက်နေပါတယ်
ငါဖုန်းတွေဆက်နေရင်လည်း busy တွေ ဖြစ်နေတာအမြဲ
ဘယ်သူနဲ့ chat နေတာလဲ message တွေ ဖျက်နေပါတယ် Yeah
ငါဒီမှာ မျက်နှာတွေ ငယ်ပါတယ် မာနတွေလည်းဘယ်မှာလဲ
ဘဝကလည်း အဓိပ္ပါယ်မဲ့
နောက်ဆုံးတော့အချစ်ကလည်း ငါ့အတွက်တော့ပျားရည်ဆမ်းတဲ့ အဆိပ်တစ်ခွက်
လိမ်စမ်းညာစမ်း နှလုံးသားကို
အရည်ပျော်သွားအောင်လို့
နင်မရှိရင် မဖြစ်တဲ့ငါ့ကို
အနိုင်ယူလိုက်ပါဦး
နင်ဘယ်လိုဆိုးလဲ သိပါတယ်
ဘယ်လိုလှည့်စားလဲ နားလည်တယ်
လိမ်ပေါ့ညာပေါ့ ငါ့ဘဝကို
နင် လိမ်ညာလိုက်ပါဦး
မင်းကတော့ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ
မင်းအတွက်နဲ့ ငါ့အိမ်မက်တွေ ကျွမ်းလောင်ခဲ့
မင်းကတော့ ငါ့အချစ်ကို နင်းချေခဲ့
မင်းအတွက်နဲ့ ငါ့ရင်ထဲက အတွင်းကြေပဲ
မင်းကတော့ငါ့အသည်းကို ခွဲမယ်တဲ့
မင်းအတွက်နဲ့ ငါ့မှာလုံးဝ သည်းခြေပျက်
ဒီတစ်ယောက်နဲ့ မှ ဟိတ်ကောင် မင်းဘာဖြစ်တာလဲ
လာမပြောကြနဲ့ ဂရုမစိုက်ဘူး ချစ်မှာပဲ
လိမ်စမ်းညာစမ်း နှလုံးသားကို
အရည်ပျော်သွားအောင်လို့
လိမ်ပေါ့ညာပေါ့ ငါ့ဘဝကို
နင် လိမ်ညာလိုက်ပါဦး

Поcмотреть все песни артиста

Other albums by the artist

Similar artists