Sai Sai Kham Leng - A Pyar Yaung Lan Khwell lyrics
Artist:
Sai Sai Kham Leng
album: Date Date Kye'
အပြာရောင်အခန်းထဲက
နင်လေပြေးထွက်သွား
ချန်ရစ်ထားခဲ့ပါ
တို့ရဲ့အမှတ်တရနေ့များ
ဘယ်လိုနည်းနဲ့မှ ငါဖြေရှင်းလို့မရ
ဒါဏ်ရာများနဲ့သာ တို့ရဲ့နေ့တွေ ညတွေ ရှည်လျား
ရင်မှာဒါဏ်ရာတွေသေရာပါပဲ ရင်မှာဒါဏ်ရာတွေသေရာပါပဲ
ရင်မှာဒါဏ်ရာတွေသာကျန် နေခဲ့ ဒါဒဏ္ဍာရီလမ်းခွဲ
ရင်မှာဝေဒနာသေရာပါပဲ ရင်မှာဝေဒနာသေရာပါပဲ
ရင်မှာဝေဒနာတွေကျန်နေခဲ့ ဒါအပြာရောင်လမ်းခွဲ
ရင်ကွဲမယ့်စကားကိုပြောခဲ့
ရင်ထဲမှာတအားကိုမောတယ်
ရင်နင့်အောင်ငါ့ကိုကြောခဲ့
အရင်အတိုင်းငါ့နင့်ရဲ့သဘောပဲ
စာအုပ်တွေမှာဖတ်ခဲ့ဖူးတယ်
တကယ်ချစ်ရင်တကယ်ကိုရူးမယ်
ချန်ရစ်ခဲ့တဲ့နင့်အတွက်မထူးလည်း
ကျန်ရစ်တဲ့ငါ့မှာအလူးအလဲ
ခံစားမူများရဲ့အထွဋ်အထိပ်
စကားလုံးတွေရင်ထဲမှာပြွတ်သိပ်
ပူလောင်မွမ်းကြပ်လို့လူးလိမ့်
မင်းအချစ်ကိုဆာလောင်မွတ်သိပ်
အိပ်မက်တွေတကယ်ကိုဆိုးရွား
မင်းစိတ်နဲ့ငါဟာနိုးထ
ဘဝတစ်သက်စာငါ့ကိုချိုးသွား
အချစ်ဆိုတာဒီလိုမျိုးလား
နှလုံးသားထဲကအချစ်မီး
အိမ်မက်ထဲထိလောင်ကျွမ်းနေလို့
ဟူး ငြိမ်းသက်လိုက်ဖို့ခက်နေပြီ
မင်းမရှိတဲ့ဘဝထဲ
ဝမ်းနည်းပက်လက်ရွှေမျက်ရည်ဝဲ
ငါတစ်ယောက်တည်းအဓိပ္ပါယ်တွေမဲ့
အပြာရောင်အခန်းထဲက
နင်လေပြေးထွက်သွား
ချန်ရစ်ထားခဲ့ပါ
တို့ရဲ့အမှတ်တရနေ့များ
ဘယ်လိုနည်းနဲ့မှ
ငါဖြေရှင်းလို့မရ
ဒါဏ်ရာများနဲ့သာ
တို့ရဲ့နေ့တွေ ညတွေ ရှည်လျား
ရင်မှာဒါဏ်ရာတွေသေရာပါပဲ ရင်မှာဒါဏ်ရာတွေသေရာပါပဲ
ရင်မှာဒါဏ်ရာတွေသာကျန် နေခဲ့ ဒါဒဏ္ဍာရီလမ်းခွဲ
ရင်မှာဝေဒနာသေရာပါပဲ ရင်မှာဝေဒနာသေရာပါပဲ
ရင်မှာဝေဒနာတွေကျန်နေခဲ့ ဒါအပြာရောင်လမ်းခွဲ
မင်းဖက်ကအဆက်အသွယ်ဖြတ်
မင်းမရှိတဲ့မျက်ကွယ်အရပ်မှာ
အဆင်ပြေသလိုကြုံသလိုနေရင်း
ဂျစ်ပ်ဆီလိုပေတေလေလွင့်
ငါ့ရဲ့ဘဝငါ့ရဲ့အတွေ့အကြုံ
မင်းမရှိတော့တကယ်ကိုမပြည့်စုံ
အချစ်အတွက်နဲ့ငါရိုကျိုးခဲ့
အချစ်ကြောင့်ပဲ ငါကိုယ်ကျိုးနည်း
ကမ္ဘာတခြမ်းမှာအရောင်တွေလင်းဖို့
ကမ္ဘာတခြမ်းမှာအမှောင်ထုမည်းမည်း
တနေနေရာမှာနေသာဖို့အတွက်
တနေနေရာမှာမိုးတွေသည်းမည်း
လူတစ်ယောက်ကအနိုင်နဲ့ပိုင်းဖို့ လူတစ်ယောက်မှာရှုံးနိမ့်စမြဲပဲ
ငါ့ချစ်သူနင်စိတ်ချမ်းသာဖို့ ငါ့ဘက်ကစိတ်ဆင်းရဲမယ်
နှလုံးသားထဲကအချစ်မီး
အိမ်မက်ထဲထိလောင်ကျွမ်းနေလို့
ဟူး ငြိမ်းသက်လိုက်ဖို့ခက်နေပြီ
မင်းမရှိတဲ့ဘဝထဲ
ဝမ်းနည်းပက်လက်ရွှေမျက်ရည်ဝဲ
ငါတစ်ယောက်တည်းရူးကြောင်ကြောင်နဲ့
အပြာရောင်အခန်းထဲက
နင်လေပြေးထွက်သွား
ချန်ရစ်ထားခဲ့ပါ
တို့ရဲ့အမှတ်တရနေ့များ
ဘယ်လိုနည်းနဲ့မှ
ငါဖြေရှင်းလို့မရ
ဒါဏ်ရာများနဲ့သာ
တို့ရဲ့နေ့တွေ ညတွေ
အပြာရောင်အခန်းထဲက
နင်လေပြေးထွက်သွား
ချန်ရစ်ထားခဲ့ပါ
တို့ရဲ့အမှတ်တရနေ့များ
ဘယ်လိုနည်းနဲ့မှ
ငါဖြေရှင်းလို့မရ
ဒါဏ်ရာများနဲ့သာ
တို့ရဲ့နေ့တွေ ညတွေ ရှည်လျား
ဒါဏ်ရာများနဲ့သာ
နေ့တွေ ညတွေ ရှည်လျား
Поcмотреть все песни артиста
Other albums by the artist