Sai Sai Kham Leng - Pyaw Taw Set lyrics
Artist:
Sai Sai Kham Leng
album: Sai Sai Hu Khaw Thi (စိုင်းစိုင်းဟုခေါ်သည်)
နတ်ပြည်နဲ့ ငရဲကို နေ့စဉ်ကူးသလို
စွန်ကြိုးလိုပဲ နင် လျှော့လိုက် တင်းလိုက်
ငါ့ကို အရူးလို
နင့်ဘဝကြီးမှာ ငါ့အပြင် နောက်ထပ်
မရှိတော့ဘူးလို့
နေ့စဉ်ရက်ဆက် ချော့လိုက် ခြောက်လိုက်
ငါ့မှာ မူးလို့
ပေးဆပ်ခြင်းနဲ့ စွန့်လွှတ်ခြင်းကို
ရေလဲလို သုံးလို့
အချစ်နွံထဲမှာ အောက်ကျ နောက်ကျ
ငါ နွားလိုရုန်းလို့
နင့်အနားမှာဝဲတဲ့ လိပ်ပြာများလည်း
ငါ သိပ်ကိုမုန်းလို့
စိတ်ထဲမှာကျိတ်ကာ စိတ်နာနေလည်း
ဟန်ဆောင် ပြုံးလို့
လိုချင်တဲ့ အချစ်စစ်ကို လိုက်ရှာ
မလိုချင်တဲ့ အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ လောကကြီးကို စိတ်နာ
ရူးပြီလား
နင် ချစ်ခဲ့တာ ငါ မဟုတ်ဘူး
တကယ်ချစ်ခဲ့တဲ့ ငါဟာ အရူးပါ
ရယ်စရာကစားနည်း တစ်ခုလို မင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲပဲနဲ့ နင် ဝင်ဆော့ကစားတယ်
ပျော်စရာ မင်းအတွက် အပျင်းပြေ
ငါ့အချစ်များ
ငါ့အချစ်များ
♪
သိပ်အလိုလိုက်လို့ အမိုက်စော်ကားတဲ့ နင့်ကို
ဇွဲနပဲနဲ့ ရူးလို့ မိုက်လို့ ဆက်လို့ ချစ်လို့
ညလုံးပေါက် ဖုန်းတွေပြောနေလည်းပဲ
ငါ ငုတ်တုပ်စောင့်လို့
အိပ်ရေးတွေပျက်တာ ညစဉ်ရက်ဆက်
ငါ့မှာဂေါက်လို့
အသိဉာဏ်တွေက တော်လောက်ပါပြီလို့ ပြောနေပြီ
သံယောဇဉ်လက်ကျန်
မနက်ဖန် ဆက်ရန်မောနေပြီ
ရှိမဲ့စုသိက္ခာ တံတွေးခွက်ထဲမှာ မျောနေပြီ
ပေါ့ပျက်ပျက် နင့်ရဲ့အချစ်ကို
ကောင်းကောင်းကို ငါ နောကျေပြီ
လိုချင်တဲ့ အချစ်စစ်ကို လိုက်ရှာ
မလိုချင်တဲ့ အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ လောကကြီးကို စိတ်နာ
ရူးပြီလား
နင် ချစ်ခဲ့တာ ငါ မဟုတ်ဘူး
တကယ်ချစ်ခဲ့တဲ့ ငါဟာ အရူးပါ
ရယ်စရာကစားနည်း တစ်ခုလို မင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲပဲနဲ့ နင် ဝင်ဆော့ကစားတယ်
ပျော်စရာပါ နင့်အတွက် အပျင်းပြေ
ငါ့အချစ်များ
ငါ့အချစ်များ
♪
လိုချင်တဲ့ အချစ်စစ်ကို လိုက်ရှာ
မလိုချင်တဲ့ အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာ လောကကြီးကို စိတ်နာ
ရူးပြီလား
နင် ချစ်ခဲ့တာ ငါ မဟုတ်ဘူး
တကယ်ချစ်ခဲ့တဲ့ ငါဟာ အရူးပါ
ရယ်စရာကစားနည်း တစ်ခုလို မင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲပဲနဲ့ နင် ဝင်ဆော့ကစားတယ်
ပျော်စရာ မင်းအတွက် အပျင်းပြေ
ငါ့အချစ်များ
ငါ့အချစ်များ
Поcмотреть все песни артиста
Other albums by the artist