Graham - Diary Lay That Thay lyrics
Artist:
Graham
album: Wake UP DADDY
ဒိုင်ယာရီရေးတဲ့အကျင့်ကို မင်းနဲ့စတယ်
ကြင်နာသူတွေ့တဲ့နေ့မို့ အမှတ်တရအဖြစ်နဲ့
စာသင်ချိန်ခေါင်းလောင်းထိုးရင်
အချစ်နဲ့တွေ့မယ်
တကယ်ဆိုငါခိုးချစ်ရတာ တဖက်သတ်အဖြစ်နဲ့
ရေလာအောင် မြောင်းဖောက်ရတာ
ချောင်းပေါက်တော့မယ်.Ay.
အကြိမ်ကြိမ် ငါကြိုးစားခဲ့သမျှ
မင်းမှမသိပဲ.
တကယ်ဆိုရင် မိန်းကလေးအချစ်ကို
အလိုက်သိသင့်တယ်
လူမှန်ရင် အချစ်နဲ့မကင်းတာ
မင်းသိသားနဲ့
နင်ချစ်ရင်ချစ်တယ် ရှင်းတယ်
ဘာခက်နေတာလဲ
မေးရင်ပြောမယ် အသင့်ကွယ်
ငါချစ်တာ နင်ပဲ
သေချာပါတယ် ငါ့အတွက် သေချာပါတယ်
ရင်ခုန်တာလည်း မင်းတယောက်ထဲ
ပထမဆုံးပဲ
သေချာပါတယ် ငါ့အတွက် အခိုင်အမာပါပဲ
နေနိုင်သူအတွက် တဖက်သတ်ပဲ
ချစ်သွားရင်းနဲ့
ဒိုင်ယာရီစာရွက်လေးတွေ တရွက်ပီးတရွက်...
ဟိုး.ဝိုး.ဝို.ဝိုးးး
ဟူး.ဝူး.ရေး.
တနေကုန်အောင် မင်းရဲ့အကြောင်းကို
တွေးတောရင်းနဲ့
စာသင်ချိန်ပြီးဆုံးသွားမှာ စိုးရွံ့မိခဲ့
ရေလာအောင် မြောင်းဖောက်ရတာ
ချောင်းပေါက်တော့မယ်
တကယ်ဆိုရင် မိန်းကလေးဘဝကို
မင်းသိသားနဲ့
နင်ဝဋ်လည်လိမ့်မယ် အချစ်ရယ်
ချစ်ခြင်းကို မညာနဲ့
သေချာပါတယ် ငါ့အတွက် သေချာပါတယ်
ရင်ခုန်တာလည်း မင်းတယောက်ထဲ
ပထမဆုံးပဲ
သေချာပါတယ် ငါ့အတွက် အခိုင်အမာပါပဲ
နေနိုင်သူအတွက် တဖက်သတ်ပဲ
ချစ်သွားရင်းနဲ့
ဒိုင်ယာရီစာရွက်လေးတွေ တရွက်ပီးတရွက်...
ဟိုး.အိုး.ဟိုး.အို.
ဟူး.ဝူး.ဟူ.ဝူးးး
ဆယ်ကျော်သက် တို့နှစ်ယောက်အတွက်
ပွင့်လင်းတဲ့ အချစ်ရှိသင့်ပါတယ်
ရင်ခုန်ခြင်းအစစ် မွေးဖွားချိန်ဝယ်...
ဟိုး.ဝိုး.အို.ဟိုးး.ရေ့ ...
သေချာပါတယ် ငါ့အတွက် သေချာပါတယ်
ရင်ခုန်တာလည်း မင်းးတယောက်ထဲ
အချစ်ဦးလေးရယ်
သေချာပါတယ် ငါ့အတွက် အခိုင်အမာပါပဲ
နေနိုင်သူအတွက် တဖက်သတ်ပဲ
ချစ်သွားရင်းနဲ့
ဒိုင်ယာရီစာရွက်လေးတွေ တရွက်ပီးတရွက်...
ဒိုင်ယာရီစာရွက်လေးတွေ အသိဆုံးပဲ.
Hmmm...
စာရွက်လေးတွေ အသိဆုံးပဲ
Hmmm...
စာရွက်လေးတွေ အသိဆုံးပဲ...
Oh.Wo.Oh.Ho...
ဒိုင်ယာရီစာအုပ်လေးတွေ အသိဆုံး.ပဲ...
Поcмотреть все песни артиста
Other albums by the artist