The Zero - Nay Tet Yin lyrics
Artist:
The Zero
album: One
မုန်တိုင်းတွေကြားက လှေတစ်စင်းနဲ့
နင်နဲ့ဆို ဖြတ်ကျော်နိုင်တယ်
လူးလွန့်ခြင်းများနဲ့
အို ရှေ့ဆက်မယ်
ရှုပ်ထွေးနိုင်လွန်းတဲ့ လူ့ဘဝကြီး
စိန်ခေါ်လိုက်ပါ ဒို့အတူခေါင်းမော့ပြီး
သတ္တိတို့ရှိမယ် မင်းရဲ့ရှေ့ကအမြဲ
ငြိမ်းချမ်းတဲ့ဘဝလေးထဲ အတူနေဖို့
ရဲရင့်စွာဖြတ်သန်းကြမယ် အတူပျော်ဖို့
နေတတ်ရင် ဘဝဟာအပျော်ဆုံးပဲ
မရှိလည်းအတူ ရှိအတူပါပဲ
ကြုံခဲတဲ့ လူ့ရဲ့ဘဝကြီးထဲမှာလေ
အပြန်အလှန် ပေးဆပ်နားလည် ချစ်ခြင်း
မာန်မာနတွေ ဘေးကိုဖယ်ရှင်း
ဆိုးလည်းအတူ ကောင်းအတူ
ဒို့ခရီးဆက်မယ်လေ (အို ရေး)
အေးချမ်းတဲ့ဘဝလေးထဲ အတူနေဖို့
♪
ဒီလောကဓံတရားရဲ့ စက်ဝိုင်းထဲ
ကြံ့ကြံ့ခံ လက်တွေခိုင်မြဲ
ဒုက္ခကိုအားအင်ပြုကာ ရုန်းထွက်ဆဲ
နေတတ်ရင် ဘဝဟာအပျော်ဆုံးပဲ
မရှိလည်းအတူ ရှိအတူပါပဲ
ကြုံခဲတဲ့ လူ့ရဲ့ဘဝကြီးထဲမှာလေ (အို)
အပြန်အလှန် ပေးဆပ်နားလည် ချစ်ခြင်း
မာန်မာနတွေ ဘေးကိုဖယ်ရှင်း
ဆိုးလည်းအတူ ကောင်းအတူ
ဒို့ခရီးဆက်မယ်လေ (အို ရေး)
အေးချမ်းတဲ့ဘဝလေးထဲ အတူနေဖို့
Oh ho oh oh
Oh ho
Oh ho oh oh
Oh ho
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
နေတတ်ရင်
Поcмотреть все песни артиста
Other albums by the artist