Kishore Kumar Hits

G Fatt - Du Won Kyal lyrics

Artist: G Fatt

album: Gym


Chours: အမှောင်တွေကအလင်းရဲ့ကျေးကျွန်ပဲ
ယုံကြည်ပါ တနေ့ကျွန်တော် တောက်ပရမယ်
နေရောင်လိုစွမ်းအားမကြီးပေမယ့်
ဓူဝံကြယ်လောက်တော့လင်းနိုင်ရဲ့
ငယ်စဉ်က အနုပညာသည်ဖြစ်ချင်ခဲ့
ကျနော်သီချင်းတွေဆိုရင်းနဲ့
ဝါသနာကို ကိုးကွယ်မယ်
စိတ်ချမ်းသာတယ်
ဒီမိသားစုလေးနဲ့ ကျနော့အိပ်မက်တွေထဲ
Yeah
မှောင်မိုက်နေတဲ့ ကံကြမ္မာတခုအောက်က
မိသားစုအတွက် ကျနော် ကြယ်တပွင့်ဖြစ်ချင်တယ်
သို့မဟုတ်
ပိုးစုန်းကြူး တကောင်လောက်တော့ဖြစ်ချင်တယ်
Yeah
1992 December လ
သားဖွားဆေးရုံကြီးထဲ ကလေးတယောက်ငိုသံပီပြင်စွာကြား
ဒီတင် ငါကလူဖြစ်ပြီလို့ အဖေကြုံးဝါးသတဲ့
ကြည်နူးလွန်းလို့ သူ့မျက်နှာ တဝိုက်မှာ အပြုံးများဝဲ
အဆုံးအဆမဲ့ အဖေ့ရဲ့မေတ္တာတရားများကြောင့်
သားဘဝတလျောက် အပူအပင်ကင်းဖို့
သူပြန်လာတော့ အငှားကားမောင်း
ကျမ်းမာရေးလည်းချူချာတော့ ဆေးရုံဆေးခန်းဆို ခဏခဏရောက်
၈ တန်းနှစ်မှာ အိမ်ကိုရောင်း တမိသားစုလုံး ငါးပါးမှောက်
တွေးမိတိုင်းရင်တွေနာတယ်
စီးပွားရေားအဆင်မပြေတာတွေ
ချမ်းသာတဲ့အသိုက်အမြုံဆိုတာ
ကျတော်တို့ ဘဝနဲ့ အသေအကြေကမ္ဘာဝေး
လူတွေကြိုက်သလိုထင်ပါစေဗျာအဖေ
ဂရုမစိုက်ဘူးကျတော်ကြိုးစားမယ်
တနေ့ရိုက်ချိုးပြမယ်
ခပ်ညံ့ညံ့ကောင်လို့ ဆွေမျိုးတချို့ မြင်နေတာတွေ
ပဝါမကူရေမချူချပါ ဘဝကိုအရုံးမပေးနဲ့မခေသူကျုပ်က
အဖေတူသားပါ နေပူကြားမှာ
ဒီမိသားစုအတွက် နှစ်၂၀ကျော်ကျော် လောက်ထိကို ရှာကြွေးခဲ့
အဲ့ကျေးဇူးကိုမသိတက်တဲ့သားမိုက်
ကျပါပြီ ၁၀တန်းစာမေးပွဲ
အမေကတော့အားပေးတယ်
နောက်နှစ်စာပိုပြီးကျက်ဖို့ကို
ပညာရေးစိတ်မဝင်စားတဲ့ကျုပ်က
စာကို ရပ် လိုဆို
အသက်ကတရက်ထက်တရက်ပိုတိုး
ပတ်ဝန်းကျင်မှာ မရှက်သလိုအချိုး
ခုတော့ကျနော်ရောက်နေပါပြီ
သူတို့ တက်စေချင်တဲ့ တက္ကသိုလ်ကို
Chours: အမှောင်တွေကအလင်းရဲ့ကျေးကျွန်ပဲ
ယုံကြည်ပါ တနေ့ကျွန်တော် တောက်ပရမယ်
နေရောင်လိုစွမ်းအားမကြီးပေမယ့်
ဓူဝံကြယ်လောက်တော့လင်းနိုင်ရဲ့
ငယ်စဉ်က အနုပညာသည်ဖြစ်ချင်ခဲ့
ကျနော်သီချင်းတွေဆိုရင်းနဲ့
ဝါသနာကို ကိုးကွယ်မယ်
စိတ်ချမ်းသာတယ်
ဒီမိသားစုလေးနဲ့ ကျနော့အိပ်မက်တွေထဲ
V2: အမေက သာမာန်၁၀တန်းပြ ကျောင်းဆရာမ
အမေနဲ့တူတဲ့အချက်က တခုခုဆို ကျုပ်ခေါင်းမာတာ
အပေါင်းအပါများနဲ့လူငယ်
လွတ်လပ်ခွင့်တွေကိုမနှောင့်ယှက်ပါနဲ့
အမေမသိအောင်ကျောင်းတွေပြေး
ဆေးလိပ်တွေလည်းငါသောက်တက်လာတယ်
လူငယ်ပဲ အမှားတော့ရှိကြတာမဆန်းပါ
ပန်းတိုင်တိကျစွာမှန်းမရတဲ့အပြင်
ရည်းစားထား လမ်းသလား
စာမကျက် အမှတ်ကလည်း
အောင်စာရင်းထွက်တိုင်းရှက်ပါကွယ်
Levelတန်းတူ ပေါင်းတဲ့ ဆရာမတွေကြား
အမေက ever မျက်နှာငယ်
အခက်အခဲ အကြပ်အတည်းတွေ
အိမ်မှာထင်တာ မနည်းပါ
တဖက်တလမ်းကအမာခံလုပ်ကြွေးတဲ့
သူ့ကြင်ယာဖက်လည်းမရှာ
ပြီးတော့ပညာတက်ဘွဲ့ရ
ကျတော်နဲ့ယှဉ်ရင်ဆီနဲ့ရေပဲ
အဲ့မခံချင်စိတ်တွေက
ကျုပ်ကို ဒီဂီတလောကမှာ တည်မြဲစေခဲ့
သူ့သားဆိုလို့ လိုက်အားပေးတဲ့ စတိတ်ရိုးကို
စင်အောက်ကကြည့်နေရင်းနဲ့
အမေ့ရင်ထဲမှာ တိတ်တခိုးငို
ဒီဂီတမှာမအောင်မြင်ရင်
ငါ့သားတယောက်တော့ဘဝပျက်မှာပဲ
အဲ့စကားတွေကြားရတော့
ကျုပ် အမေ့ကိုပိုပြီး သနားတက်လာတယ်
လူဆိုတာ ကံဆရာကြိုးဆွဲရာကတဲ့ရုပ်သေးပဲ
အဲ့အဆိုအမိန့်ကို လက်မခံနိုင်လို့
ကျုပ်အနာဂါတ်ကို ကျုပ်ဆေးချယ်
ဆိုခဲ့ဖူးသမျှ သီချင်းထဲမှာ
ဦးနှောက် အစွမ်းအစကို ထုတ်ရေးခဲ့
အရည်းအချင်းက စကားပြောတဲ့တနေ့ကျ
အဖေနဲ့အမေ့ကို လုပ်ကြွေးမယ်
Chours: အမှောင်တွေကအလင်းရဲ့ကျေးကျွန်ပဲ
ယုံကြည်ပါ တနေ့ကျွန်တော် တောက်ပရမယ်
နေရောင်လိုစွမ်းအားမကြီးပေမယ့်
ဓူဝံကြယ်လောက်တော့လင်းနိုင်ရဲ့
ငယ်စဉ်က အနုပညာသည်ဖြစ်ချင်ခဲ့
ကျနော်သီချင်းတွေဆိုရင်းနဲ့
ဝါသနာကို ကိုးကွယ်မယ်
စိတ်ချမ်းသာတယ်
ဒီမိသားစုလေးနဲ့ ကျနော့အိပ်မက်တွေထဲ

Поcмотреть все песни артиста

Other albums by the artist

Similar artists