Htun Aeindra Bo - Nay Yar Lay Ta Khu lyrics
Artist:
Htun Aeindra Bo
album: Nay Yar Lay Ta Khu
မင်းမသိတဲ့နေရာလေးတစ်ခုမှာ
မင်းအတွက်ပေါ့ ပြင်ဆင်ထားလိုက်မှာ
ပြတိုက်လို အကြင်နာသမိုင်းကျောက်စာ
ရှေးကလို ရာဇဝင်တွင်ရစ်မှာ
အချစ်များစွာ ရှိနေနိုင်သလို
မျက်ရည်များရှိနိုင်တယ် မင်းကြောင့်ကွယ်
ဒီနေရာလေး လုံခြုံနေဆဲ
ကိုယ်ဆောက်ခဲ့တဲ့ ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း ပေးဆပ်ရခြင်း
အို အားလုံးကို ကိုယ်သိမ်းထားတယ် အချစ်ရေ
♪
မင်းအချစ်ကို ပိုင်ဆိုင်ပြီးတဲ့အခါ
ကိုယ့်ဘဝမှာ လိုတာမရှိတော့ပါ
ချစ်သမျှကို စာဖွဲ့မဆုံးတဲ့အခါ
ပြတိုက်ဟာ အလိုလိုအချစ်များစွာ
ဘဝများစွာ ချစ်နေနိုင်သလို
အမှတ်တရများ မကုန်နိုင်အောင် မင်းကြောင့်ကွယ်
ဒီနေရာလေး လုံခြုံနေဆဲ
ကိုယ်ဆောက်ခဲ့တဲ့ ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း စွန့်လွှတ်ရခြင်း
အို အားလုံးကို ကိုယ်သိမ်းထားတယ် အချစ်လေး
♪
အချစ်များစွာ ရှိနေနိုင်သလို
မျက်ရည်များရှိနိုင်တယ် မင်းကြောင့်ကွယ်
ဒီနေရာလေး လုံခြုံနေဆဲ
အို မင်းအတွက်ကွယ် အကြင်နာပြတိုက်ရယ်
ယူဆောင်ရခြင်း ပေးဆပ်ရခြင်း
အို အားလုံးကို ကိုယ်သိမ်းထားတယ် အချစ်လေး
ဒီနေရာလေး လုံခြုံနေဆဲ
အို မင်းအတွက်ကွယ် ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း စွန့်လွှတ်ရခြင်း
အို အားလုံးကို ကိုယ်သိမ်းထားတယ် အချစ်လေး
ဒီနေရာလေး လုံခြုံနေဆဲ
အို မင်းအတွက်ကွယ် ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း ပေးဆပ်ရခြင်း
အို အားလုံးကို ကိုယ်သိမ်းထားတယ် အချစ်လေး
Поcмотреть все песни артиста
Other albums by the artist