Kishore Kumar Hits

Hlwan Paing - Diary (feat. Pan Yaung Chel) lyrics

Artist: Hlwan Paing

album: Gita Bay Da


ဒိုင်ယာရီလေးတစ်ခုရဲ့အထဲ
ငါလေပြန်ပြီးတွေ့လာခဲ့
မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းဘဲ
ဘယ်လိုငါမေ့ရမှာလဲ
အချိန်တွေကြာလွန်းသွားပေမယ့်
နင်ရောဘဲလို့ငါထင်တယ်
ရက်စွဲထဲမှတ်လို့ထားတဲ့ အောက်တိုဘာ ၄ မှာ
ကျွန်တော့ချစ်သူဝတ်တဲ့အင်္ကျီအပြာ
နောက်ကနေတကောက်ကောက်လိုက်ကာ ဂျက်ဆင်အုံအနားမှာ
ချစ်တယ်လို့ပြောဖြစ်ခဲ့တာငါ
ရင်ထဲမှာပန်းတွေပွင့်သွားမလား
ဒါမှမဟုတ်ငါ့ကိုလေ ပါးရိုက်မလား
ကျွန်တော့ကိုစိတ်မဆိုးပါနဲ့နော် ကျွန်တော်အရမ်းချစ်လို့ပါ
နင်ပြောခဲ့တာငါ့ကိုလေ စဉ်းစားပေးမယ်
အချိန် ၃လ စောင့်တဲ့
နင်ပြောခဲ့တာငါ့ကိုလေ စဉ်းစားပေးမယ်
ရှက်သွေးလေးများနှင့်
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစားနမ်းသွားပါတော့ကွာာ...
အဲ့နေ့ကကျွန်တော်အရမ်းပျော်ခဲ့တယ်
ကျွန်တော့ဘ၀ထဲမှာတော့အဲ့ဒိနေ့လေးကို
ကျွန်တော်ဘယ်တော့မှမေ့လို့ရတော့မှာမဟုတ်ဘူး
ပြီးတော့ကျွန်တော်စိတ်ကူးတွေလည်းအများကြီးယဉ်ခဲ့တယ်
သူနှင့်ချစ်သူဖြစ်ဖို့အတွက်ပေါ့ဗျာ
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစားနမ်းသွားပါတော့ကွာာ.
ရက်စွဲထဲမှတ်မိသေးတဲ့ အောက်တိုဘာ ၄ မှာ
ကျွန်မနောက်မှတစ်ကောက်ကောက်နဲ့သူပါ.
နောက်ကနေတောက်လျောက်လိုက်ကာ ဂျက်ဆင်အုံနားမှာ
ချစ်တယ်တဲ့ကျွန်မဖြင့်ရှက်တာကွာ
ရင်ထဲမှာအရမ်းကိုလှုပ်ရှားသွား.
တစ်ခါတည်းဘဲသူ့ကိုအဖြေပေးရမလား
မဖြစ်သေးပါဘူး
ကျွန်မပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
နောက်သုံးလစောင့်တဲ့
ကျွန်မပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
ရှက်သွေးလေးများနှင့်
သူချစ်တယ်ပြောတာမုသားလား
(...)
အိုးအိုရယ်.
အဲ့နေ့က
ကျွန်မသူ့အကြောင်းတွေအများကြီးစဉ်းစားခဲ့တယ် သူကရိုးရိုးသားသားလေးပါ
ဒါပေမယ့်သူ့ကိုချက်ချင်းကြီးတော့အဖြေမပေးနိုင်သေးဘူးလေ
အဲတာကြောင့်သူ့ကိုစဉ်းစားပေးမယ်လို့ ကျွန်မပြောခဲ့တယိ
ဒါပေမယ့်ကျွန်မအရမ်းဘဲ ပျော်နေမိတယ်
ရင်ထဲမှာပန်းတွေကပွင့်တော့မလား?
ကျွန်မစဉ်းစားတဲ့အဖြေကိုတွေးကြည့်ပါတော့ကွာာ အာာဟ...
-Xiao

Поcмотреть все песни артиста

Other albums by the artist

Similar artists