Charm - A Phyay lyrics
Artist:
Charm
album: A Phyay
Oh oh oh oh
Oh oh oh oh oh oh
Oh oh oh oh oh oh oh oh
Oh oh oh oh oh oh Ahh
မင်းလေးကိုချစ်လို့နေတယ်
အဖြေရရင်လျှောက်လည်ကြမယ်
ဒီလိုမျိုး ငါတွေးထားခဲ့ပေမယ့်လည်း မင်းက မလှုပ်မယှက်ပဲ
ငါ့အချစ်တွေ မင်းအတွက် အကုန်ယူ
တစ်သက်လုံးပေါ့ မင်းကို မမုန်းဘူး
ယုံကြည်ပေးပါ အခုလက်ရှိမှာ ငါဘာမှ မရှုပ်တော့ဘူးကွာ
တစ်သက်တာအတွက် ရွေးချယ်ခဲ့ ငါ့ဘဝမှာ မင်းတစ်ယောက်ပဲ
တခြားလူတွေ ဘယ်လိုပြောပါစေ မင်းဘယ်လောက်ပဲ
ငါ့ကိုစေခိုင်းချုပ်ခြယ်ပြီး အမြဲအနိုင်ယူ အတင်းအော်ငေါက်လည်း
ငါဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး မင်းလောက်လည်း
အဆုံးသတ် တစ်နေ့အထိ ရည်စူးထားတယ် နင်းလျှောက်သွားမယ့် တို့အိပ်မက်
နင်နဲ့အတူရှိရင် ငါ့အတွေး ငါ့ဘဝင်က မိုးတိမ်ထက်
Cupid လို အချစ်မျိုးနဲ့ သစ္စာစကားတွေ တိုင်တည်လို့
ဘဝအဆက်ဆက် သတ်မှတ်ထားတဲ့ နင်ကငါ့ရဲ့ Psyche မို့
အဖြေပေးပါတော့ကွာ
ငါကြားချင်လို့ပါ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အမုန်းများ ဖြစ်နေမလားကွာ
မျက်ဝန်းတွေထဲမှာ
ကြည်နူးတဲ့ အပြုံးများ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အချစ်လို့ပဲ ငါယုံကြည်ထားတယ်
အချစ်လို့ပဲ ငါယုံကြည်ထားဆဲ
မင်းအတွက် ငါ့အချစ်
မင်းအတွက် ငါ့အနမ်း
ဒါတွေအားလုံး မင်းလေး တစ်ယောက်အတွက်ပဲ
နင်မငြင်းပယ်နဲ့
အချိုသာဆုံးသော စကားလုံးတွေနဲ့
အသိမ်မွေ့ဆုံးသော နှုတ်ခမ်းလေးတွေလည်း
ငါ့ရင်မှာ မီးတို့ကျွမ်းလောင်လို့နေခဲ့ပြီ ဘယ်လိုလုပ်မလဲ?
မုန်းတယ်လို့ မပြောလိုက်ပါနဲ့ ငါ့ကို အချစ်တွေပေးပါ
ငါ့နှလုံးသားကို မင်းစီရင်ချက် အဆုံးအဖြတ်ပေးတဲ့ တစ်နေ့မှာ
ရင်ခုန်လွန်းပြီး ရပ်မသွားအောင် ဆုတောင်းတယ် ငါ့နှလုံးသွေးများ
ငါ့အချစ်က မပြောင်းလဲပါဘူး မင်းတစ်ယောက်တည်းပါ ကလေးရာ
တဖြည်းဖြည်းနဲ့ နီးစပ်လာမယ့် ငါ့မျှော်လင့်ချက် အပြီးမသတ်
တစ်သက်လုံး အမြဲ လက်တွဲဖို့ ရည်စူးထားတဲ့ ခရီးအတွက်
ငါက Aladdin ဆို နင်က ငါ့ဆီမီးခွက်
နင်က Nang Nak ဆို ငါကနင့်ရဲ့ Pee Mak
အဖြေပေးပါတော့ကွာ
ငါကြားချင်လို့ပါ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အမုန်းများ ဖြစ်နေမလားကွာ
မျက်ဝန်းတွေထဲမှာ
ကြည်နူးတဲ့ အပြုံးများ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အချစ်လို့ပဲ ငါယုံကြည်ထားတယ်
အချစ်လို့ပဲ ငါယုံကြည်ထားဆဲ
အဖြေပေးပါတော့ကွာ
ငါကြားချင်လို့ပါ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အမုန်းများ ဖြစ်နေမလား?
အဖြေပေးပါတော့ကွာ
အဖြေပေးလိုက်တော့
ငါကြားချင်လို့ပါ
ငါကြားချင်လို့ ငါသိချင်လို့ အမြဲတမ်း ငါမင်းလေးအနားမှာ ရှိချင်လို့
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အမုန်းများ ဖြစ်နေမလားကွာ
မျက်ဝန်းတွေထဲမှာ
မျက်ဝန်းများထဲ
ကြည်နူးတဲ့ အပြုံးများ
မင်းပေးမယ့် ငါ့အတွက် အဖြေဟာ
အချစ်လို့ပဲ ငါယုံကြည်ထားတယ်
Oh oh oh oh
Oh oh oh oh oh oh
Oh oh oh oh oh oh oh oh
Oh oh oh oh oh oh Ahh
Поcмотреть все песни артиста
Other albums by the artist