လူ့ဘဝကြီးဟာ အဖြေဖော်လို့မရနိုင်တဲ့
ခက်ခဲတဲ့ပုစ္ဆာယုံလား
ရှုပ်ထွေးခြင်းများဟာ ကမ္ဘာမြေကြီးရဲ့ရင်ဘတ်မှာ
မတွေးနဲ့တော့ကွာ ပင်ပန်းတယ်
ငါသိထားသမျှ အားလုံးလွှတ်ချပြီး
ခဏမေ့နေမယ်
ဘဝတို့များစွာ ပုံမှန်လှည့်ပတ်နေဆဲ
ဘယ်တော့မှမဆုံးတဲ့ သံသရာ
အတိအကျမရှိပါ ဒီအချိန်ထိရှုပ်နေဆဲ
ယုံစားခဲ့သမျှလည်း အကုန်အမှားတွေ
ငါသိထားသမျှ အားလုံးလွှတ်ချပြီး
ခဏမေ့နေမယ်
အမှန်နဲ့အမှားများ အားလုံးဘေးချိတ်လို့
ခဏမေ့နေမယ်
Поcмотреть все песни артиста
Other albums by the artist