Kishore Kumar Hits

Idiots - Bay Tite Twar Tae Thu lyrics

Artist: Idiots

album: Reason 2B Idiots


ညဘက် အိပ်ချိန်... ငါတစ်ယောက်တည်း
ခွေးတွေနဲ့ဖက်ပြီး... အိပ်တန်းတက်
မမွှေးတဲ့ အနံ့ အသက်...ခြင်တွေအတွက်
ညစာလည်း ငါ အမြဲလှူဒါန်းဆဲ
ပါးစပ်နဲ့  အစားအတွက်... မပူပါဘူး ရှိတာလေးတွေနဲ့ 
ရောင့်ရဲတယ်...
မနက်နဲ့  ညအတွက်...ကြုံလာမဲ့
ဖြစ်သမျှအကြောင်းတွေ...အကောင်းတွေချည်းပဲ
Cho: ၅ မိနစ်ထက်ပိုပြီးဘာမှ စဉ်းစားထားတာမရှိ
ငါ့ ခေါင်းထဲမှာ အခွံ သက်သက်ပါ
ဆုံးရှုံးမှုတွေမရှိ...ငါ ဟာလွတ်လပ်စွာဖြစ်တည်
စိတ်ဆင်းရဲစရာ... ပကာသန မရှိပါဘူး...
လူ့  ဘ၀ကြီးကိုအရွဲ့ တိုက်ခဲ့တဲ့လူ
ဘယ်သူမှ ငါ့ ကို $ဖက်မလုပ်ကြဘူး
အို... အို... အိုး... Yeah
နင်သိတဲ့ အစားတစ်လုပ်အတွက် အပြေးအလွှား ရှုပ်ယှက်
မိုးလင်း မိုးချုပ် ပိုက်ဆံကုန်းရုန်းရှာဖွေကြတဲ့သူတွေ
အများကြီးကို ကြိတ်သနားနေခဲ့...
သုံးမ၀တဲ့ လောဘများအတွက်
စိတ်ဓာတ်များကမဲညစ်စုတ်ပြတ်
တဖြေးဖြေးနဲ့  ရုပ်နဲ့ နာမ်ဟာ ဒုက္ခတွေမှာဆုံးရှုံးလည်း
ဘာဖုန်းတွေအသစ်ထွက်လည်း.ဘယ်ကားကိုစီးရမလဲ
ဘယ်နားကိုသွားအိမ်လေးကိုဆောက်တာ ဘ၀ကို
တရွတ်တိုက်ဆွဲ အိပ်မက်တွေတလှေကြီးပဲ
ပင်ပန်းတဲ့ဘ၀ခရီးထဲ တချိန်ကျရင်လက်ဗလာနဲ့အကုန်ထားခဲ့ပြီး
ထွက်သွားတယ်...
Cho: ၅မိနစ်ထက်ပိုပြီးဘာမှ စဉ်းစားထားတာမရှိ
ငါ့ ခေါင်းထဲမှာအခွံသက်သက်ပါ...
ဆုံးရှုံးမှုတွေမရှိငါဟာလွတ်လပ်စွာဖြစ်တည်
စိတ်ဆင်းရဲစရာပကာသနမရှိပါ
၅မိနစ်ထက်ပိုပြီးဘာမှတွေးဖို့ အကြောင်းအရာမရှိ
ဘာမှမသိပါ အခွံသက်သက်ပါ
ဆုံးရှုံးဖို့ ရာမရှိရေလိုက်ငါးလိုက်ဒီဘ၀သည်
စိတ်ဆင်းရဲစရာအနှောင်အဖွဲ့  မရှိပါဘူး
လူ့  ဘ၀ကြီးကိုဘေးတိုက်သွားတဲ့သူ
လူ့  ဘ၀ကြီးကိုဘေးတိုက်ကြည့်တဲ့သူ

Поcмотреть все песни артиста

Other albums by the artist

Similar artists