Idiots - Htat Ma Pii Neh Dawh lyrics
Artist:
Idiots
album: Lu Ah Gitar
Idiots
ငါ့ဘဝတွေအတွက်ပါ နင်ဘယ်လိုအနိုင်ယူတာဖြစ်ဖြစ်
ငါ့မျက်ရည်အတွက်ပါ ငါဘယ်လိုနိမ့်ကျတာဖြစ်ဖြစ်
အကုန်ခံယူလိုက်တာ ဘာတပ်မက်စရာမရှိဘူး
နင်အကြိမ်ကြိမ်ပေးတဲ့ အဆိုးများအပေါ်မှာ
အနိုင်လိုချင်တဲ့အရှုံးတွေ ငါယုံနေတဲ့တဲ့အမှန်းတွေ
မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ
ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ ထပ်မပေးနဲ့တော့
မင်းစကားတွေအတွက်ဆို ငါဘယ်လိုမယုံနိုင်စရာဖြစ်ဖြစ်
မင်းအမှားတွေအတွက်ဆို ငါဘယ်လိုစက်ဆုပ်တာဖြစ်ဖြစ်
တကယ်ဆိုငါအကန်းပါ နာကြည်းဖို့အတွက် မမြင်တက်ဘူး
ကျိန်စာလိုဘဝအတွက် အဆိပ်သင့်ချိန်မှာ
အနိုင်လိုချင်တဲ့အရှုံးတွေ ငါယုံနေတဲ့တဲ့အမှန်းတွေ
မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ
ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ မလိုချင်တော့ပါ.နောက်ထပ်
ဘဝတစ်ခုရင်းပြီးချစ်တာ ငါ့အအမှားပါ ငါ့အမှားပါ
ငါဘဝဆိုတာအနင်းချေခံ အမှိုက်တစ်ခုပါ မင်းအတွက်ငါအသုံးမကျတာ
အကောင်းလုပ်ရင်အဆိုးဖြစ်တာ
ဒါနောက်ဆုံးပါ နင်မမြင်ချင်တဲ့ ငါခန္ဓာ.ထွက်ခွာ
အနိုင်လိုချင်တဲ့အရှုံးတွေ ငါယုံနေတဲ့တဲ့အမှန်းတွေ
မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ
ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ
မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ
လိမ်ညာနေတဲ့အချစ်တွေ ဟန်ဆောင်နေတဲ့အပြစ်တွေ
မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ
လေကုန်ရုံမင်းကတိများ လှောင်ရယ်သံနဲ့စကားများ
ထပ်မပေးနဲ့တော့
Поcмотреть все песни артиста
Other albums by the artist