Idiots - A May lyrics
Artist:
Idiots
album: Aye Say Pae
ငါ့အတွက်နင်သိက္ခာကျဆင်း
အဆင့်မရှိတဲ့ ငါ့ရဲ့အပြစ်ပါ
ကြုံဆုံလာတိုင်း
အရှုံးနဲ့နင် လှည့်ပြန်လာမြဲ
တစ်ခုမှကို ပြီးအောင်မလုပ်
အပျင်းကြီးတဲ့ ငါ့ရဲ့အပြစ်ပါ
ရှာဖွေလိုက်တိုင်း
အမှားပဲ ငါတွေ့ဆုံလာမြဲ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကို စိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါအတွက်ဓါးစားခံ
သူငယ်ချင်းများလာ ကြွားလာတိုင်း
အဖြစ်မရှိတဲ့ ငါ့ရဲ့ အပြစ်ပါ
အားနည်းချက်နဲ့
အရှုံးနဲ့နင် လှည့်ပြန်လာမြဲ
ညံ့ဖျင်းတဲ့ လူဆိုးကိုမှ
ဘာကြောင့်မို့ နင်ချစ်နေမှာလဲ
ထားသွားခဲ့လိုက်တော့
အမုန်းနဲ့နင် လှည့်ပြန်ကာသွား
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကို စိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
နင်ကောင်းနိုင်ဖို့ကို ရည်စူးကာထား
မေ့နိုင်ဖို့ကို အခါခါကြိုးစား
ငါ့ကိုထားကာ သာယာတဲ့ဆီသာ
ထွက်သွားလိုက်ပါ
ထွက်သွားလိုက်ပါတော့ကွာ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကို စိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
Поcмотреть все песни артиста
Other albums by the artist