Shine - Together We Are Better lyrics
Artist:
Shine
album: Together We Are Better
အထီးကျန်ခြင်းများကို နင်ဘေးဖယ်ထားပြီး
လာပါ အတူ အပြုံးများဝေမျှ
မိတ်ဆွေကောင်းများဟာ ဘဝအတွက်ဆုလာဘ်ပါ
ရှာဖွေကာ တန်ဖိုးထား
အလှဆုံးသော နေ့ရက်တွေ ပိုင်ဆိုင်ဖို့
ပိုကောင်းတဲ့ဘဝတစ်ခု တည်ဆောက်ချင်လို့
အရှုပ်ထွေးဆုံး ပုစ္ဆာတွေ အဖြေရှာဖို့
အတူတွဲပြီး ခရီးအဆုံးထိ လျှောက်ချင်လို့
အတူလက်တွဲထားရင် အန္တရယ်အခက်အခဲများကြုံလည်း
နောက်မဆုတ်ဘူး ကျော်ဖြတ်မယ်
တောင်တွေကာဆီးထားတဲ့ အနာဂတ်လမ်းကြမ်းတွေလည်း
အတူတူရင်ဆိုင် ကျော်ဖြတ်မယ်
ပင်လယ်ကို တံတားခင်းမယ်
တိမ်တွေ ခိုစီးကြမယ်
Together we are better
ဂြိုလ်တွေအလယ် ခရီးသွားမယ်
ကြယ်တွေကို ခူးဆွတ်မယ်
Together we are better
♪
ဘဝအမောတွေ ကြားထဲမှာ
မင်း စိတ်ပင်ပန်းတဲ့အခါ
မင်းတစ်ယောက်ထဲ မွန်းကြပ်မနေနဲ့
အသက်ရှင်ချိန်လေးမှာ
မင်း ဖန်တီးလိုက်ပါ
အနွေး ထွေးဆုံး အသိုက်အမြုံလေးတစ်ခု
အလှဆုံးသော နေ့ရက်တွေ ပိုင်ဆိုင်ဖို့
ပိုကောင်းတဲ့ဘဝတစ်ခု တည်ဆောက်ချင်လို့
အရှုပ်ထွေးဆုံး ပုစ္ဆာတွေ အဖြေရှာဖို့
အတူတွဲပြီး ခရီးအဆုံးထိ လျှောက်ချင်လို့
အတူလက်တွဲထားရင် အန္တရယ်အခက်အခဲများကြုံလည်း
နောက်မဆုတ်ဘူး ကျော်ဖြတ်မယ်
တောင်တွေကာဆီးထားတဲ့ အနာဂတ်လမ်းကြမ်းတွေလည်း
အတူတူရင်ဆိုင် ကျော်ဖြတ်မယ်
ပင်လယ်ကို တံတားခင်းမယ်
တိမ်တွေ ခိုစီးကြမယ်
Together we are better
ဂြိုလ်တွေအလယ် ခရီးသွားမယ်
ကြယ်တွေကို ခူးဆွတ်မယ်
Together we are better
ဘယ်လိုအရာမျိုးမှ ငါတို့ရဲ့လမ်းမှာ
တားဆီးခွင့် မပေးနိုင်ဘူး
ရည်ရွယ်ချက်ထားသမျှ ပန်းတိုင်ရောက်အောင်
တို့အတူ သွားမယ်
အတူလက်တွဲထားရင် အန္တရယ်အခက်အခဲများကြုံလည်း
နောက်မဆုတ်ဘူး ကျော်ဖြတ်မယ်
တောင်တွေကာဆီးထားတဲ့ အနာဂတ်လမ်းကြမ်းတွေလည်း
အတူတူရင်ဆိုင် ကျော်ဖြတ်မယ်
ပင်လယ်ကို တံတားခင်းမယ်
တိမ်တွေ ခိုစီးကြမယ်
Together we are better
ဂြိုလ်တွေအလယ် ခရီးသွားမယ်
ကြယ်တွေကို ခူးဆွတ်မယ်
Together we are better
Поcмотреть все песни артиста
Other albums by the artist