Kishore Kumar Hits

Thar Thar - Thu Ngel Chin Myar Thoe lyrics

Artist: Thar Thar

album: Thu Ngel Chin Myar Thoe


အရင်ကလို ငါတို့ လမ်းဘေးက အုတ်ခုံမှာ သီချင်းဆို
အရင်ကလို ငါတို့စကားပြောလို့ ကောင်းခဲ့တဲ့ ဆိုင်လေးကို
အရင်ကလို တီဗွီမရှိ ကတ်ဆက်ဖွင့်ခဲ့တဲ့ အချိန်များကို
အရင်ကဆို တယ်လီဖုန်းမရှိတော့ တွေ့ဖြစ်တယ် သူငယ်ချင်းတို့
အခုတော့ အားလုံးဟာ အရင်ကလို
မဟုတ်တော့ပါ အရင်ကလို
ပြောင်းလဲပြီ... အရင်ကလို
မဟုတ်တော့ပါ
အရင်ကလို ဘတ်စ်ကားစီးပြီး ကျောင်းသွားခဲ့တဲ့ အချိန်လေးကို
အရင်ကလို စာအုပ်ငှါးပြီးတော့ ဖတ်ခဲ့ရတဲ့ အချိန်မျိုးကို
အရင်ကလို ဘယ်သီချင်းကောင်းလဲ ပြောပြီးတော့ဝေဖန်ကြစို့
အရင်ကဆို ငါတို့ရည်းစားတွေ စိတ်ချရတယ် သူငယ်ချင်းတို့
အခုတော့အားလုံးဟာ... အရင်ကလို
မဟုတ်တော့ပါ အရင်ကလို
ပြောင်းလဲပြီ အရင်ကလို
မဟုတ်တော့ပါ အရင်ကလို
အရင်ကလို ငါတို့အားလပ်ရက် တစ်နေ့နေ့မှာ ဆုံကြစို့
အရင်ကလို ငါတို့ဖုန်းပိတ်လို့ စကားလေးတွေ ပြန်ပြောစို့
အရင်ကလို ငါတို့အေးချမ်းတဲ့နှလုံးသားတွေ ဖန်တီးလို့
အရင်ကလို ငါတို့အားလပ်ရက်
တစ်နေ့နေ့မှာ ပြန်တွေ့ကြမယ် သူငယ်ချင်းတို့...

Поcмотреть все песни артиста

Other albums by the artist

Similar artists