Hlwan Moe - Yangon Thar Lay Kyun Tor lyrics
Artist:
Hlwan Moe
album: Hlwan Moe Muu Yin Ah Kg Sone Tay Myar
မြန်မာပြည်အနှံ့လျှောက်လို့သာ
ဂစ်တာလေးလည်းပိုက်ကာ
ရောက်ခဲ့ဘူးတဲ့ မြို့တွေမှာ
ရန်ကုန်သားလေးကျွန်တော်ပါ
လေယာဉ်ပျံကြီး စီးလို့သာ
ဂစ်တာလေးနဲ့ လိုက်ခဲ့တာ
ဂန့်ဂေါမြို့ရဲ့ တစ်နေရာ
ဂစ်တာတီးတဲ့ ကောင်လေး
တောင်ပေါ်မြေက ယောမြို့မှာ
နေရာအနှံ့ လျှောက်သွားခဲ့တာ
ရေချိုးဆိပ်ရဲ့ တစ်နေရာ
ထိုင်ကာငေးလို့ နေချိန်မှာ
အော်တိုစာအုပ်ကလေးပြကာ
သူလာပေးလို့ ရေးရတာ
စကားပြောတော့ ဝဲဝဲပါ
ရေလာခပ်တဲ့ ကောင်မလေး
ဖြူစင်သန့်ရှင်း ချစ်ချစ်စရာ
သဘောထားလည်း ကောင်းကြတာ
ယောမြို့ကအပြန်မှာ
မော်တော်ကားနဲ့ကြုံလာကာ
တောင်ပေါ်မြေက ဖြတ်လို့ပါ
နေပူပြင်းပြင်းထဲမှာ
ပင်ပန်းလှပေါ့ ဒီတစ်ခါ
ဂစ်တာတီးတဲ့ ကောင်လေး
မန္တလာမြေလည်း ရောက်လို့လာ
မရောက်ဖူးလို့ လျှောက်ကြည့်တာ
မြင်းလှည်းခတော့ မသက်သာ
ဘုရားကြီးက အပြန်မှာ
ဒီတစ်ခါတော့ ဈေးချိုမှာ
ပစ္စည်းလေးများ မေးတဲ့အခါ
လေဟာပြင်ထက် ဈေးကြီးတာ
မဝယ်ပဲနောက်ကောက် ပြန်ပြေး
ဘူတာရုံထဲ သွားလို့သာ
ရထားလက်မှတ်မေးကာ
မန္တလေးက အပြန်မှာ
တောင်ငူတစ်ခေါက် ဝင်လည်တာ
TTC ထဲ ရောက်တဲ့အခါ
သူငယ်ချင်းများနဲ့ တွေ့ရတာ
မိန်းမလှကျွန်းလို့ ခေါ်မယ်ကွာ
သူတို့မြို့က နေရာလေး
တောင်ငူမြေက ထွက်လို့သာ
ရန်ကုန်မြို့သို့ ရောက်လို့လာ
ဒီတစ်ခေါက်သွားလို့ ကြာနေတာ
မာမီကလည်း မကြည်ပါ
ကြုံကြိုက်တုန်းမို့ ဝင်လည်တာ
ဒီတစ်ခါ ခွင့်လွှတ်လိုက်ပါ
မချစ်ဘူးလားကွယ့် မာမီရေ
ဂစ်တာတီးတဲ့ ကောင် လေး
Поcмотреть все песни артиста
Other albums by the artist