Aung Htet - Thit Sar Pyal Thaw Yoe Myay Kya lyrics
Artist:
Aung Htet
album: Thit Sar Pyal Thaw Yoe Myay Kya
ရိုးမြေကျ ပေါင်းမယ်လို့
ဒို့အတူသစ္စာဆိုခဲ့ဖူးတယ်
မေတ္တာမပျက် ချစ်စွာနဲ့
နားလည်မှုတွေ အပြန်အလှန်ထားခဲ့
ဝမ်းရေးမို့ အလှမ်းဝေးချိန်
အလွမ်းတေးသီချင်းတွေ အတူခံစားဖူးတယ်
အနမ်းပွင့်တို့ အလွမ်းသင့်လို့
နီးစပ်ဖို့ အတူဆုတောင်းဖူးတယ်
တစ်နှစ်တစ်ခါနွဲ ပွဲတော်လည်း
ဒို့အတူပျော်ပျော် လည်ခဲ့ဖူးတယ်
ယုယမှုလေးတွေထဲ
ဒို့နှစ်ယောက်လုံး သာယာဖူးတယ်
သြော် ဖုန်းတွေနဲ့ ဆက်သွယ်လို့်
အလွမ်းသယ်ရင်း ဒို့အတူငိုခဲ့ဖူးတယ်
အနေဝေးလို့ သွေးမအေးဖို့
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ထားခဲ့
နောက်ဆုံးတော့
အရှိန်ဝါတွေကြီးတဲ့ လူကုန်ထံကြားထဲ
ငွေဆိုတာက နင့်အတွက်
ရေလိုသာသုံးကွယ်
ငါပိုင်ဆိုင်ထားတဲ့ အကြင်နာ
ဘုံနန်းလည်း နင်ဟာ ပယ်ချလိုက်တော့
အရာရာတန်ဖိုးမဲ့
အရှိန်ဝါတွေကြီးတဲ့ လူကုန်ထံကြားထဲ
ငွေဆိုတာက နင့်အတွက်
ရေလိုသာသုံးကွယ်
ငါပိုင်ဆိုင်ထားတဲ့ အကြင်နာ
ဘုံနန်းလည်း နင်ဟာ ပယ်ချလိုက်တော့
အရာရာတန်ဖိုးမဲ့
နင်ပျော်ရင်ကျေနပ်တယ်
ရိုးမြေကျ ပေါင်းမယ်လို့
ဒို့အတူသစ္စာဆိုခဲ့ဖူးတယ်
မေတ္တာမပျက် ချစ်စွာနဲ့
နားလည်မှုတွေ အပြန်အလှန်ထားခဲ့
ဝမ်းရေးမို့ အလှမ်းဝေးချိန်
အလွမ်းတေးသီချင်းတွေ အတူခံစားဖူးတယ်
အနမ်းပွင့်တို့ အလွမ်းသင့်လို့
နီးစပ်ဖို့ အတူဆုတောင်းဖူးတယ်
တစ်နှစ်တစ်ခါနွဲ ပွဲတော်လည်း
ဒို့အတူပျော်ပျော် လည်ခဲ့ဖူးတယ်
ယုယမှုလေးတွေထဲ
ဒို့နှစ်ယောက်လုံး သာယာဖူးတယ်
သြော် ဖုန်းတွေနဲ့ ဆက်သွယ်လို့်
အလွမ်းသယ်ရင်း အတူငိုဖူးခဲ့တယ်
အနေဝေးလို့ သွေးမအေးဖို့
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ထားခဲ့
နောက်ဆုံးတော့
အရှိန်ဝါတွေကြီးတဲ့ လူကုန်ထံကြားထဲ
ငွေဆိုတာက နင့်အတွက်
ရေလိုသာသုံးကွယ်
ငါပိုင်ဆိုင်ထားတဲ့ အကြင်နာ
ဘုံနန်းလည်း နင်ဟာ ပယ်ချလိုက်တော့
အရာရာတန်ဖိုးမဲ့
အရှိန်ဝါတွေကြီးတဲ့ လူကုန်ထံကြားထဲ
ငွေဆိုတာက နင့်အတွက်
ရေလိုသာသုံးကွယ်
ငါသာမက်မောတဲ့ အကြင်နာဘုံနန်းလည်း
နင်ဟာပယ်ချလိုက်တော့
အရာရာတန်ဖိုးမဲ့
နင်ပျော်ရင်ကျေနပ်တယ်
ပျော်ရင်ကျေနပ်တယ်
နင်ပျော်ရင်ကျေနပ်တယ်
လာ ဒါ ဒါ ဒန့်
Поcмотреть все песни артиста
Other albums by the artist