Aung Htet - A Phay lyrics
Artist:
Aung Htet
album: Nhit
လေပြေသယ်ဆောင်ရာသွားတဲ့ ကိုယ့်စိတ်ကူး
မင်းလေးနားရောက်လာမလား
ထွေးပွေ့လို့ မင်းခံစားပေးပါ
တိမ်စိုင်တွေပေါ်မှာရေးတဲ့ ကိုယ့်စိတ်ကူး
မင်းလေးများတွေ့နိုင်မလား
အသာအယာမော့ကြည့်လိုက်
အချစ်ရဲ့အပြာရောင်အိပ်မက်များ
မင်းမက်ခွင့်ပေးမှာလား
နှလုံးသားကတောင့်တဆုံးသော အဖြေ
မင်းပဲချစ်သူရေ...
ရင်ခုန်သံတွေဟာ မင်းနဲ့တွေ့ချိန်ခဏ
အထိန်းသိမ်းမဲ့ လှုပ်ခတ်သွား
အိပ်မရတဲ့ညတွေ များများလာ
သေချာနိုင်ပါ့မလား အတွေးကနှိပ်စက်ထား
အဝေးဆုံးမဲ့ဝေးနေလား
အခါခါပင့်သက်ရှိုက်...
အချစ်အတွက်ရွှေရောင် အိပ်မက်များ
မင်းမက်ခွင့်ပေးမှာလား
နှလုံးသားကအတောင့်တဆုံးသော အဖြေ
မင်းပဲချစ်သူရေ
စွဲလမ်းရူးသွပ်ခြင်းတွေ ရင်ထဲက
တကယ်ကို အကန့်အသက်မရှိပါလား...
ဟူး... တမ်းတခြင်းရဲ့အဆုံးမှာ မင်းနဲ့တွေ့နိုင်မလား
ဘယ်လိုရင်ဆိုင်ရမလဲ မင်းရဲ့အချစ်များ...
အိုး... ပုံပြင်ဆန်နေလား
ကို့ရဲအချစ်တွေက သီချင်းလေးတစ်ပုဒ်ဖြစ်ဖို့လား
ဒီခံစားချက်များ
မင်းလေးမြင်သာနိုင်မှာလား...
မင်းမသိလဲချစ်နေမှာ...
နှလုံးသားကအတောင့်တဆုံးသော အဖြေ
မင်းပဲ ...ချစ်သူရေ...
Поcмотреть все песни артиста
Other albums by the artist