Aung Htet - A Yaung Twe Yae Tan Phoe lyrics
Artist:
Aung Htet
album: Nhit
ဘ၀မှာအောင်မြင်မှုတွေရှိလာတော့
မာန်မာနတွေလဲ လာဦးမှာပေါ့
လူချင်းတော့တူလဲ မင်းထက်ငါသာတယ်
ကျရှုံးမှုတွေရှိလာတော့
အရာမ၀င်မှုတွေလဲ လာတော့တာပေါ့
လူချင်းတော့တူလဲ စိတ်ဓာတ်ကျတာ သာတယ်
ချမ်းသာခြင်းက ဘာကိုခေါ်လဲ
ဆင်းရဲခြင်းက ဘယ်လိုဟာလဲ
နောက်ဆုံးတော့ လူကိုအရောင်ခြယ်တာပါပဲ
တန်ဖိုးရှိတဲ့လူသာ အရောင်အဆင်းရှိတာ
တခြားအရာတွေနဲ့ ဆင်မြန်းဖို့ မလိုပါ
သေခြင်းရှိတဲ့လူမှာ မြတ်တရားလေးပဲလိုတာ
လောဘ ဒေါသ မာန်မာန
အရောင်တွေခြယ်သ လှမယ်ထင်လို့လား
လေကြမ်းကြီးတိုက်တော့ ယိုင်တာပေါ့
သာတာမြင်တော့ မနာလိုပေါ့
စိတ်ရှိတာခြင်း တူလည်း ကျိုးကျေလွယ်တယ်
အသားပဲ့ပါလဲ ငြိမ်နေမယ်
အထိခိုက်အစော်ကားခံနိုင်တယ်
စိတ်ရှိတာခြင်း တူလည်း မင်းကပိုမာတယ်
ရဲရင့်ခြင်းက ဘာကိုခေါ်လဲ
သတ္တိ ရှိဖို့ဘာလိုသလဲ
စွဲလမ်းတက်မက် တဏှာကိုဖြတ်
ပေးဆပ်ခြင်းသက်သက်
တန်ဖိုးရှိတဲ့လူသာ အရောင်အဆင်းရှိတာ
တခြားအရာတွေနဲ့ ဆင်မြန်းဖို့ မလိုပါ
သေခြင်းရှိတဲ့လူမှာ မြတ်တရားလေးပဲလိုတာ
လောဘ ဒေါသ မာန်မာန
အရောင်တွေခြယ်သ လှမယ်ထင်လို့လား
ဟူး...
ဟူး...
ခုဖြစ်ရတဲ့ အခိုက်မှာ
အကျိုးအမြတ်ရဖို့သာ
အချိန်တွေကလဲ ကုန်တာမြန်လိုက်တာ
အစရှိတဲ့ အချိန်မှာ
အဆုံးသတ်ဖွေရှာ
ဒါကို သေတိုင်ရွေးခြယ်နိုင်မှာပါ
တန်ဖိုးရှိတဲ့လူသာ အရောင်အဆင်းရှိတာ
တခြားအရာတွေနဲ့ ဆင်မြန်းဖို့ မလိုပါ
သေခြင်းရှိတဲ့လူမှာ မြတ်တရားလေးပဲလိုတာ
လောဘ ဒေါသ မာန်မာန
အရောင်တွေခြယ်သ လှမယ်ထင်လား
တန်ဖိုးရှိတဲ့လူသာ အရောင်အဆင်းရှိတာ
တခြားအရာတွေနဲ့ ဆင်မြန်းဖို့ မလိုအပ်ပါ
သေခြင်းရှိတဲ့လူမှာ မြတ်တရားလေးပဲလိုတာ
လောဘ ဒေါသ မာန်မာန
အရောင်တွေခြယ်သ လှမယ်ထင်လို့လား
လောဘ ဒေါသ မာန်မာန
လူကိုခြယ်သ လှမယ်ထင်လို့လား
လောဘ ဒေါသ မာန်မာန
အရောင်တွေခြယ်သ လှမယ်ထင်လို့လား
Поcмотреть все песни артиста
Other albums by the artist