Aung Yin - A Way Yout Mhar Tan lyrics
Artist:
Aung Yin
album: Di Yat Pine
မနေချင်လည်းငါ လာနေထိုင်ရတာ
ဒို့အမိမြေနဲ့အဝေးမှာ ပင်လယ်ပြင်ကျယ်နဲ့
တောင်တန်းများခြားပြီကွာ
မလာချင်လည်းငါ ခိုဝင်နေရတာ
သူစိမ်းတွေရဲ့ကြားမှာ ဒဏ်ရာကိုယ်စီနဲ့
မိုင်များလည်း ဝေးပြီကွာ
မျက်လုံးတွေဖွင့်ချိန် မှိတ်ချိန်ထိငါသတိရနေတာ
အဆင်ပြေပါမလား ငါမရှိတဲ့အခါ
အလွမ်းတွေထဲမှာ မြောကာ နေ့စဉ် အသက်ရှင်နေတာ
မျှော်လင့်ချက်တစုံတရာ ဒီရင်ခွင်မှာရှိတာ
တနေ့ဆုံမှာ ကြုံမှာပေါ့ ငါပြန်လာရင် ဆီးကြိုပါ
လွမ်းလို့သေနိုင်တဲ့ အဆိုတွေနဲ့ ကြာရင်ငါ နားလည်လာ
အဝေးရောက်နေသူအတွက် ရင်ခွင်မဲ့ ဖြေစရာငါမရှိသူပါ
တနေ့တော့ ဆုံမှာပေါ့ ကြုံမှာပေါ့
မိသားစုချစ်စရာ့ကမ္ဘာ ဝမ်းနည်းစရာတွေအတွက်
မငိုပါနဲ့ ဒီခဏတော့ အားတင်းနေပါ
ဒို့ဝေးကွာနေချိန်မှာ အချစ်တွေပိုပြီး မွေးဖွားပေးပါ
မနေချင်လည်းငါ လာနေထိုင်ရတာ
ဒို့အမိမြေနဲ့အဝေးမှာ ပင်လယ်ပြင်ကျယ်နဲ့
တောင်တန်းများခြားပြီကွာ
မလာချင်လည်းငါ ခိုဝင်နေရတာ
သူစိမ်းတွေရဲ့ကြားမှာ ဒဏ်ရာကိုယ်စီနဲ့
မိုင်များလည်း ဝေးပြီကွာ
မျက်လုံးတွေဖွင့်ချိန် မှိတ်ချိန်ထိငါသတိရနေတာ
အဆင်ပြေနိုင်မလား ငါမရှိတဲ့နောက်မှာ
အလွမ်းတွေထဲမှာ မြောကာ နေ့စဉ် အသက်ရှင်နေတာ
မျှော်လင့်ချက်တစုံတရာ ဒီရင်ခွင်မှာအပြည့်ပါ
တနေ့ဆုံမှာ ကြုံမှာပေါ့ ငါပြန်လာရင် ဆီးကြိုပါ
လွမ်းလို့သေနိုင်တဲ့ အဆိုတွေနဲ့ ကြာရင်ငါ နားလည်လာ
တနေ့ဆုံမှာ ကြုံမှာပေါ့ ငါပြန်လာရင် ဆီးကြိုပါ
လွမ်းလို့သေနိုင်တဲ့ အဆိုတွေနဲ့ ကြာရင်ငါ နားလည်လာ
အဝေးရောက်နေသူအတွက် ရင်ခွင်မဲ့ ဖြေစရာငါမရှိသူပါ
ဟိုး တနေ့တော့ ဆုံမှာပေါ့ ကြုံမှာပေါ့
မိသားစုချစ်စရာ့ကမ္ဘာ ဝမ်းနည်းစရာတွေအတွက်
မငိုပါနဲ့ ဒီခဏတော့ အားတင်းနေပါ
ဒို့ဝေးကွာနေချိန်မှာ အချစ်တွေပိုပြီး မွေးဖွားပေးပါ
ဝေးကွာနေစဉ်မှာ အချစ်တွေ ပိုပြီး မွေးဖွားထားပါ
Поcмотреть все песни артиста
Other albums by the artist