Kishore Kumar Hits

The Phosphorap - ငေး lyrics

Artist: The Phosphorap

album: ဒီကမ္ဘာသက်တမ်းလေးနှစ်


မျက်လုံးများကို မှိတ်လိုက်ပေမယ့်
မြင်ယောင်နေတုန်းပဲ
ပြန်မရတော့တဲ့ ဟိုးအဝေးမှာ
ကျန်နေခဲ့အတိတ်တွေ
မျက်လုံးများပြန်ဖွင့်လိုက်ချိန်
အရာရာပျောက်ဆုံးခဲ့
မျှော်လင့်ချက်မဲ့တဲ့ကမ္ဘာမှာ
အမှတ်ရစရာတွေဟာ
ငရဲလိုပဲ
ပူလောင်နေခဲ့
စည်းများရဲ့ အပြင်တစ်ဖက်
ဟိုအဝေးကနေ မှိန်ပြယ်နေ
ပြတင်းတံခါးက အလင်းတစ်စကို
အတွေးများနဲ့ ပုံဖော်ကြည့် ငေး
အရင်လိုပြန်ကာ တယုတယနဲ့
ထွေးပွေ့လို့ ဖက်ထားပါရစေကွာ
ရင်ထဲတိုးဝင်အနွေးငွေ့များ ခံစားပါရစေ
အနားနားကပ် ထိတွေ့လို့
ကပ်ထားပါရစေ
ဒီလိုညတွေဆို အချိန်တွေကို
ခဏရပ်ထားပါရစေ
အမှားများလည်း ဆက်ကာထပ်ကာမှားဆဲ
လူမသိပဲ အတူရှိခဲ့တဲ့ ညတွေကအတူ
မနက်များစစေ
အချိန်တွေတကယ် အကုန်မြန်တယ်
ခဏခဏများစွာကနေ
နှုတ်ဆက်ခွဲခွာချိန်က
လက်များပြစေ
ကန့်သတ်ချက်များနဲ့ ဘဝတွေ
မပြိုင်ခင်ကတည်းက အရှုံးများနဲ့
ခေါင်းငုံ့ထားတယ် မပြတ်သားပါရစေနဲ့
ရှေ့ဆက်ဖို့ မဖြစ်နိုင်မှန်း သိထားလည်း
ကတိစကားတွေ
ပြောမထွက်လို့ရင်ထဲသိုဝှက်
သိမ်းဆည်းထားတာများနေ
ဆုပ်ကိုင်ထားတဲ့လက်များက
ပြေလျော့ကျလာတာနဲ့အမျှ
အဖျက်များစဝင်
ထွက်သွားရေစတဲ့နေက စ
တစ်ရက်မခြားသလို မရပ်မနားအလွမ်းများ
တတိတိနဲ့ ငါ့အသက်အား စခြွေ
မျက်လုံးများကို မှိတ်လိုက်ပေမယ့်
မြင်ယောင်နေတုန်းပဲ
ပြန်မရတော့တဲ့ ဟိုးအဝေးမှာ
ကျန်နေခဲ့အတိတ်တွေ
မျက်လုံးများပြန်ဖွင့်လိုက်ချိန်
အရာရာပျောက်ဆုံးခဲ့
မျှော်လင့်ချက်မဲ့တဲ့ကမ္ဘာမှာ
အမှတ်ရစရာတွေဟာ
ငရဲလိုပဲ
ပူလောင်နေခဲ့
စည်းများရဲ့ အပြင်တစ်ဖက်
ဟိုအဝေးကနေ မှိန်ပြယ်နေ
ပြတင်းတံခါးက အလင်းတစ်စကို
အတွေးများနဲ့ ပုံဖော်ကြည့် ငေး
နာကျင်စရာတွေ မေ့သွားပါရစေကွာ
မေ့ထားပါရစေ
ဝေဝါးနေဘဝ အခိုးအငွေ့ ကြားကနေငါ
ရှုံးလျက်နဲ့ အဆုံးသတ်လည်း
မမုန်းရက်ပဲ မင်းစိတ်အလိုကျ
ဆုံးဖြတ်သမျှ
ခေါင်းငြိမ့်ထားမှာလေ
လှိမ့်ကြူးနေအဆက်မပြတ် မအိပ်ဘူးလေတရက်တရက်
ရင်ထဲထိုးသွင်းစိုက်ဝင်ခဲ့တဲ့
အဆိပ်စူးတွေထပ် နက်
အတိတ်အရိပ်ကို
ကြောက်လန့်နေတဲ့ စိတ်က
တိတ်ဆိတ် ခြောက်ကပ်နေခဲ့အမြဲ
လူမြင်မခံစေခဲ့တဲ့
အချစ်တစ်ခုကို
ကိုးစားလို့ အတူရှင်သန်ချင်ခဲ့တယ်
အပူအပင်ဒဏ်တွေထဲလဲ
အနေအထား ဘဝတွေက
မလွယ်ကူသလို အဆင်မပြေစရာတွေ
တနေ့တခြားများနေလည်း
အဖြေကမရပေ
ရှည်လျားညတွေ နေ့များကနွေ
ပူလောင်စွာရှင်သန်နေမယ့်အစား
သေသွားပါရစေ
အရာရာပိုအဆင်ပြေမယ့်
ရင်မှာခိုဝင်နေတဲ့ မင်းအတွက်
ငိုမနေပေမယ့် မျက်ရည်များကကျနေ
မျက်လုံးများကို မှိတ်လိုက်ပေမယ့်
မြင်ယောင်နေတုန်းပဲ
ပြန်မရတော့တဲ့ ဟိုးအဝေးမှာ
ကျန်နေခဲ့အတိတ်တွေ
မျက်လုံးများပြန်ဖွင့်လိုက်ချိန်
အရာရာပျောက်ဆုံးခဲ့
မျှော်လင့်ချက်မဲ့တဲ့ကမ္ဘာမှာ
အမှတ်ရစရာတွေဟာ
ငရဲလိုပဲ
ပူလောင်နေခဲ့
စည်းများရဲ့ အပြင်တစ်ဖက်
ဟိုအဝေးကနေ မှိန်ပြယ်နေ
ပြတင်းတံခါးက အလင်းတစ်စကို
အတွေးများနဲ့ ပုံဖော်ကြည့် ငေး
ပုံဖော်ကြည့် ငေး

Поcмотреть все песни артиста

Other albums by the artist

Similar artists