Kishore Kumar Hits

X-Boxin - Ta Phat Tat lyrics

Artist: X-Boxin

album: 9


ကျွန်တော် မနေ့ကတုန်းက သူ့ကို တွေ့လိုက်သေးတယ်
သူကတော့ ကျွန်တော့်ကို မသိပါဘူး
ကျွန်တော်ကတော့ လိုက်ကြည့်တာပေါ့
အိမ်ပြန်ရောက်ရင်လည်း
သူ့အကြောင်း တွေ ကျွန်တော်
ကဗျာတွေ နည်းနည်းရေးထားတာ
လောကကြီးက သာယာတယ်ဗျ
တစ်ခါတစ်လေကျလို့ရှိရင်
အင်း ဘယ်လိုပြောရမလဲဆို တော့
ကျွန်တော့်ခံစားချက်လေး နည်းနည်းလောက်
ချစ်သူမဟုတ်သေးတဲ့ မိန်းကလေးတစ်ဦးစီ
အချစ်ဆိုတဲ့အရာကို တန်ဖိုးမဲ့ပစ္စည်းလို လိမ်မပေးဘူး တကယ်
ကျွန်တော်လိမ်ပြောရင် လျှာပေါ် မြက်ပေါက်ပါစေ
ကမ္ဘာ ကြီးကို ကျောခိုင်းပြီး
သူ့ဓာတ်ပုံ အပြည့်ကပ်ထားတဲ့အခန်းထဲမှာ အချိန်ပြည့် ရူးမိ
အခုထိ မနက်စာလည်း မစားရသေးဘူးဗျာ
သူ့မျက်နှာမြင်ရုံနဲ့ အတွေးထဲမှာ အာဟာရပြည့်သူပါ
ညာတာပါတေး မဟုတ်တဲ့ စာလွှာ ငါရေး
မင်းဆီကို ရောက်လာလိမ့်မယ်
သာသာယာယာ မကြာပါ ခဏလေး
ဘေဘီ
အကယ်ဒမီ လွဲချော်နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ် သဖွယ်
လက္ခဏာပြတာလား မသိဘူး
ဘယ်ဘက်အောက်မှာ မျက်ခမ်းလှုပ်တယ်
မင်းနံဘေးမှာ မပြတ်တမ်းရှုပ်တဲ့
ငါ့အတွက် ပြိုင်ဘက်တွေကို
ရပ်စမ်းမလုပ်နဲ့လို့ ဒေါသဖြစ်ချင်လဲ
မဖြစ်သေးဘူး yeah
မဖြစ်သေးဘူး ha ha yeah
ညင်သာစွာစီးဆင်းနေတဲ့
အလွမ်း ညည်းခြင်းတွေနဲ့
အိပ်မက်ထဲမှာတော့ နှုတ်ခမ်းချင်း နီးချင်လျက် ငါ
ပွရှုပ်နေတဲ့ ငါ့ရဲ့တစ်နေ့တာ အချိန်ဇယားမှာ
စိတ်ကူးနဲ့ မင်းဆီကိုပဲ လိပ်ပြာ လွင့်နေမယ်ဆို ဘာပြောမလဲ
စကားတစ်ခွန်းကို ရွှေ့ကာ မလိမ်ထားဘူး yeah
နောက်နေ့မှပဲ ဆက်ရူးတော့မယ် ငါဟာ
တစ်ဖက်သတ် oh yeah
တစ်ဖက်သတ်မို့ မင်းရင်ထဲမှာရှိတဲ့ ကွက်လပ်
သို့မဟုတ် ဓမ္မဓိဠာန်လေးမှာ ငါ့နာမည် ဖြည့်စွက်ပေးမှာလား
ငါ စိတ်ကူးယဉ်သမား စိတ်ကူး ယဉ်တာ
I'm sorry but i love you girl
အော် မမျှော်လင့်ရဲလို့ အတွေးထဲမှာပဲ လက်ထပ်ပြီးပြီ
လောလောဆယ်တော့ ငါက တစ်ဖက်သတ်

မင်းဘယ်အရာတွေ crazy ဖြစ်လည်း
အမြဲတမ်း မှတ်မိနေပြီး အမြစ်တွယ်
အနယ်ထိုင်တာ ကြာသွားတဲ့ ရေ သည် ညစ်မယ်
ဆေးလိပ်တိုလို ခြေပြီး ပစ်လည်း
ထာဝရ တစ်ဖက်သတ် ကြွေပြီး ချစ်မယ်
ငါမင်းကို ဒဲ့ပြောနေတာ ဒဲ့ပြောနေတာ
ပေါ်လစီ ဇာတ်ကားတွေလိုမျိုး ငါချဲ့ပြော မနေပါ
သန်းခေါင်ထက် ညဉ့်နက်တဲ့ အထီးကျန်ညများ
ငါ့မှာ ခဏ ခဏ ဖြစ်ပြီး
ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့
မင်းက ရှားပါး ပစ္စည်း
တစ်ခါတစ်ရံလည်း ငါစဉ်းစားမိတယ်
ငါ့ဘက်ကဘဲ မင်းမြင်အောင် ရူးသွမ်မှုတွေ ထုတ်ပြခဲ့တာ
မင်းကတော့ နေလှန်းတယ် သမုဒ္ဒရာထဲမှာ right
မျှော်လင့်ချက်ကိုပါ ဆုတ်ကာဖြဲသွားတယ်
ကံတရားရယ် ကျွန်တော့်တစ်ယောက်ထဲ
ကွပ်ပြီး အဲ့လိုမျိုးတွေ မလုပ်ပါနဲ့ဗျာ
လူကြီးတစ်ယောက်အရွယ် ရောက်လာတော့
ငါ့စိတ်က မင်းအပေါ်မှာပဲ တည်ငြိမ်တယ်
ဒါပေမယ့် မင်းသမီးနဲ့ ဇာတ်လမ်းအဆုံးမှာ
ညားတာ ဗီလိန်ပဲ
မာနကို ခေါင်းအုံးပြီး အိပ်တဲ့ shawty လေး
ပြန်ချစ်အောင် ဘယ်မှာ သွားရှာရမလဲ ငါစော်ကြည်ဆေး
အချိန်တန်လို့ မင်းဘဝအတွက် သင့်တော်မယ့်
လူနဲ့ ကြိုးချင်းငြိသွားလည်း
ဒုသနသောကံနဲ့ ငရဲမကြီးမချင်း ခိုးချစ်မိမှာပဲ
မင်းက လူတွေကို ပျော်ရွှင်စေတဲ့
အစိမ်းရောင်သစ်ရွက်လိုမျိုး မိုးလင်းအထိပါပဲ
တစ်ဖက်သတ် oh yeah
တစ်ဖက်သတ်မို့ မင်းရင်ထဲမှာရှိတဲ့ ကွက်လပ်
သို့မဟုတ် ဓမ္မဓိဠာန်လေးမှာ ငါ့နာမည်လေး ဖြည့်စွက်ပေးမှာလား
ငါ စိတ်ကူးယဉ်သမား စိတ်ကူးယဉ်တာ
I'm sorry but i love you girl
အော် မမျှော်လင့်ရဲလို့ အတွေးထဲမှာပဲ လက်ထပ်ပြီးပြီ
လောလောဆယ်တော့ ငါက တစ်ဖက်သတ်
တစ်ဖက်သတ်မို့ မင်းရင်ထဲမှာရှိတဲ့ ကွက်လပ်
သို့မဟုတ် ဓမ္မဓိဠာန်လေးမှာ င့ါနာမည်လေး ဖြည့်စွက်ပေးမှာလား
စိတ်ကူးယဉ်သမား စိတ်ကူးယဉ်တာ
I'm sorry but i love you girl

Поcмотреть все песни артиста

Other albums by the artist

Similar artists