Doublej - Saung lyrics
Artist:
Doublej
album: Famous
အနွေးအထွေးဆုံးဟာ
အနားနားလေးမှာ
ထွေးဖက်ထားစရာ
မင်းမရှိတဲ့အခါ
အေးစက်သွားတဲ့ အမှတ်တရတွေ
အတိတ်လိုပြန်မကောင်း
နှင်းမှုန့်များလည်း ဖုံးကာ လွမ်းရမယ့် ဒီဆောင်း
နေ့ရက်တို့ကြာ
သစ်ရွက်တို့ ဝါ
ဆောင်းညများစွာ
တစ်ယောက်တည်းပေါ့ ငါ့မှာ
မြူနှင်းတွေကြားက
ကိုတို့ရဲ့ အချစ်အိမ်အိုလေး
ခြယ်ရီပန်းတွေလည်း မင်းမရှိတော့
ငိုကြွေး
ရက်လနှစ်တို့ပြောင်း
ရာသီတွေဟောင်း
အလွမ်းများ အေးစက်စက်
ဒီဇင်ဘာဆောင်း
မြို့ပြရဲ့အဝေးဆုံး ခြယ်ရီပင်အောက်မှာ
နင်ပြန်လာမှာ "စောင့်"
မခံနိုင် ဒီဝေဒနာတွေကြောင့်
မနက်ခင်းစောစော မှုန်ပြပြအချိန်
နှင်းတွေကြားမှာ
အချစ်ဆုံးမင်းလေးနဲ့
မနက်စာစားတဲ့ အမှတ်တရများဟာ
အခုထက်ထိ ငါ့နှလုံးသားထဲမှာ
သိမ်းကာထားတယ်
အစွဲအလန်းကြီးတဲ့ ငါ့ကိုယ်ငါသနားတယ်
မှားခဲ့ပြီး
မှားခဲ့ပြီး
မြို့ပြရဲ့အဝေးဆုံး ခြယ်ရီပင်အောက်မှာ
နင်ပြန်လာမှာ "စောင့်"
မခံနိုင် ဒီဝေဒနာတွေကြောင့်
လွမ်းခဲ့ပြီး
လွမ်းခဲ့ပြီး
ရက်လနှစ်တို့ပြောင်း
ရာသီတွေဟောင်း
အလွမ်းများ အေးစက်စက်
ဒီဇင်ဘာဆောင်း
အနွေးအထွေးဆုံးဟာ
အနားနားလေးမှာ
ထွေးဖက်ထားစရာ
မင်းမရှိတဲ့အခါ
အေးစက်သွားတဲ့ အမှတ်တရတွေ
အတိတ်လိုပြန်မကောင်း
နှင်းမှုန့်များလည်း ဖုံးကာ လွမ်းရမယ့် ဒီဆောင်း
Поcмотреть все песни артиста
Other albums by the artist