Ah Nge - Bal Mhar Nar Kho Ma Lae lyrics
Artist:
Ah Nge
album: Yar Su Thit
ငါ ပျံသန်းခဲ့တဲ့အချိန်များ
ပြန်လည်တွေးကြည့်တော့
မိုက်မဲစွာ အချစ်ကို စမ်းသပ်ရင်း
ငါဟာ မီးထဲတိုးမိခဲ့
ရင်မှာ တိတ်ဆိတ်စွာ လောင်ကျွမ်း
အချစ်စစ်တစ်ခု
တမ်းတရင်းကြေကွဲ အခုတော့လည်း
ဟူး ငါမောပန်းရင်းနဲ့
ဖြူစင်ချိန်တွေ ပြန်မရဘူး
အရောင်တွေ ပေစွန်းလို့
ငါ့ကမ္ဘာ ယုံနိုင်သူ မရှိတော့
ဘယ်မှာ နားခိုမယ်
ကိုယ်တိုင်သိတဲ့ အမှားတွေအတွက်
စာနာတတ်တဲ့သူ ရှာခက်တယ်
ဘယ်မှာ နားခိုမယ်
မာယာချားရဟတ်နဲ့ လှည့်ပတ်ခဲ့ရင်း
ရင်ခုန်ခြင်းအစစ်ကို တွေ့ချင်တယ်
ဘယ်သောင်ကမ်းစပ်ကို ရောက်မလဲ
ငါဟာ မျောလို့နေခဲ့
ပူလောင်နေတဲ့ မီးလျှံထဲ
အကြိမ်ကြိမ် ငါ ခုန်ချဖူးခဲ့လည်း
ပိုင်ဆိုင်ခဲ့ရတာ ဘာလဲ
အပြာရောင် ဒဏ်ရာများပဲ
မျှားခေါ်တဲ့အချစ်ဆီ လိုက်ခဲ့ရင်း
ရည်ရွယ်ရာ ပျောက်ဆုံးသွားခဲ့တော့
ဖြူစင်ချိန်တွေ ပြန်မရဘူး
အရောင်တွေ ပေစွန်းလို့
ငါ့ဘဝ ယုံနိုင်သူ မရှိတော့
ဘယ်မှာ နားခိုမယ်
ကိုယ်တိုင်သိတဲ့ အမှားတွေအတွက်
စာနာတတ်တဲ့သူ ရှာခက်တယ်
ဘယ်မှာ နားခိုမယ်
မာယာချားရဟတ်မှာ လှည့်ပတ်ခဲ့ရင်း
ရင်ခုန်ခြင်းအစစ်ကို တွေ့ချင်တယ်
အိပ်မက်မက်သလိုပဲ မရေရာ ငါ့ဘဝကြီး
လှုပ်နှိုးမယ့်ချစ်သူ သေချာတွေ့ချင်ပြီ
အရောင်တွေစုံတဲ့ညထဲ အဖြေမှန်ကိုရှာရင်းနဲ့
အသစ် အသစ်တွေ ထပ်ကြုံလည်း
အချစ်စစ် အချစ်စစ် ဝေး
♪
ဖြူစင်ချိန်တွေ ပြန်မရဘူး
အရောင်တွေ ပေစွန်းလို့
ငါ့ဘဝ ယုံနိုင်သူ မရှိတော့
ဘယ်မှာ နားခိုမလဲ
ကိုယ်တိုင်သိတဲ့ အမှားတွေအတွက်
စာနာတတ်တဲ့သူ ရှာခက်တယ်
ဘယ်မှာ နားခိုမလဲ
မာယာချားရဟတ်မှာ လှည့်ပတ်ခဲ့ရင်း
ရင်ခုန်ခြင်းအစစ်ကို တွေ့ချင်တယ်
ဘယ်မှာ နားခိုမလဲ
ကိုယ်တိုင်သိတဲ့ အမှားများအတွက်
စာနာတတ်တဲ့သူ ရှာခက်ဆဲ
ဘယ်မှာ နားခိုမလဲ
မာယာချားရဟတ်မှာ လှည့်ပတ်ခဲ့ရင်း
ရင်ခုန်ခြင်းအစစ်ကို တွေ့ချင်တယ်
ရင်ခုန် ခြင်းအစစ်ကို ရှာဦးမယ်...
Поcмотреть все песни артиста
Other albums by the artist