Zaw Paing - Thar Lay Mwae Yin Koh Nar Myi Pay Par lyrics
Artist:
Zaw Paing
album: Pyu Thu A Thit
မင်းလောက်လှတဲ့ချစ်သူ
ရှာဖို့မခက်ပါ…ဒါပေမယ့်
မင်းထက်ချစ်တဲ့ ချစ်သူ ရှားလိမ့်မယ်….
ကို့လောက်မချစ်တဲ့ ချစ်သူ့ရင်ခွင်ထဲကနေ
လှမ်းကြည့်ကာ နောင်တဖြင့် မရသင့်ပေ….
မင်းထက်ချစ်တဲ့ ကို့ကို ပစ်ပြေးသွားကာ
ကို့လောက်မချစ်တဲ့သူ့ကို လက်ထက်ကာ….
အို.သားလေးမွေးတော့ကို့ရဲ့နာမည်ပေးလိုက်တာ
သိရစဉ် ရင်ထဲက တဆတ်ဆတ်နာ….
သားလေးမွေးရင် ကို့နာမည်ပေးပါ…
အို သားလေးမွေးရင် ကို့နာမည်ပေးပါ…
ကိုပြောခဲ့ဖူးတဲ့ စကားလေးတွေကို
အတိအကျလိုက်နာ…
ကို့တစ်သက်စာ နောင်တနဲ့
အမှတ်တရပါ……
မင်းအရွဲ့တိုက်ကောင်းလို့ တို့တွေ
တကယ်ဝေးကြပြီ….
မင်းအစွမ်းပြကောင်းလို့ အချစ်တွေ
ဆုံးရှုံးပြီ….
မချစ်မနှစ်သက်တဲ့ တစ်ခြားတစ်ယောက်
ရင်ခွင်ထဲကနေ ကို့ဘက်ကို
ပြန်လှည့်လည်း မကြည့်နဲ့လေ….
အို အသည်းနှလုံးထဲက
ကို့ကိုလေ စွန့်ပစ်ကာ….
ဦးနှောက်ထဲက အချစ်ကို ရရှိလာ…
အို.သားလေးမွေးတော့ကို့ရဲ့နာမည်ပေးလိုက်တာ
သိရစဉ် ရင်ထဲက တဆတ်ဆတ်နာ….
သားလေးမွေးရင် ကို့နာမည်ပေးပါ…
အို သားလေးမွေးရင် ကို့နာမည်ပေးပါ…
ကိုပြောခဲ့ဖူးတဲ့ စကားလေးတွေကို
အတိအကျလိုက်နာ…
ကို့တစ်သက်စာ နောင်တနဲ့
အမှတ်တရပါ……
Поcмотреть все песни артиста
Other albums by the artist