Y Wine - Tan Ta lyrics
Artist:
Y Wine
album: Htar Wa Ra
ကြယ်များကို ကြည့်ငေးရင်
အတွေးများ ရွေ့နေစဉ်
လေပြည်ညှင်းနဲ့ လွင့်လာတဲ့
အတိတ်သံစဉ် ဟောင်းရယ်
တချိန်က ပိုင်ဆိုင်ခဲ့သမျှ
အိပ်မက်တစ်ခုလိုသာ
တကယ်ဆုံးရှုံးခဲ့ပြီလား
အမေးတွေ ရင်ထဲကြေကွဲ
ကံကြမ္မာရဲ့ အပြောင်းအလဲတွေတိုင်း
ရင်ဆိုင်ဖြတ်ရင်းလေ
ဟေး ငါ့အတွက် အဆုံးမှာဘယ်သူရှိမလဲ
ပြန်ဆုံချင်တိုင်း မရနိုင်မှန်း
ငါတကယ်သိရက်နဲ့
ဟေး မေ့ပစ်ဖို့တော့ မလွယ်သေးဘူး
ဟိုးတုန်းက အဖြစ်အပျက်တွေလည်း
တိမ်ထဲက မီးခိုးများသာ
အေးချမ်းတဲ့ ညဆည်းဆာအလား
အမြဲတမ်း သိမ်းထားလို့မရပါ
အတိတ်ရဲ့အချိန် ခနပြန်လွမ်းနေ
ကြယ်များကို ကြည့်ငေးရင်
အတွေးများ ရွေ့နေစဉ်
လေပြည်ညှင်းနဲ့ လွင့်လာတဲ့
အတိတ်သံစဉ်ဟောင်းရယ်
တချိန်က ပိုင်ဆိုင်ခဲ့သမျှ
အိပ်မက်တစ်ခုလိုသာ
တကယ်ဆုံးရှုံးခဲ့ပြီလား
အမေးတွေ ရင်ထဲကြေကွဲ
ကံကြမ္မာရဲ့ အပြောင်းအလဲတွေတိုင်း
ရင်ဆိုင်ဖြတ်ရင်းလေ
ဟေး ငါ့အတွက် အဆုံးမှာဘယ်သူရှိမလဲ
အလိုဆန္ဒတိုင်း မရနိုင်မှန်း
ငါတကယ်သိရက်နဲ့
ဟေး မေ့ပစ်ဖို့တော့ မလွယ်သေးဘူး
ဟိုးတုန်းက အဖြစ်အပျက်တွေလည်း
တိမ်ထဲက မီးခိုးများသာ
အေးချမ်းတဲ့ ညဆည်းဆာအလား
အမြဲတမ်း သိမ်းထားလို့မရပါ
အတိတ်ရဲ့အချိန် ခနပြန်လွမ်းနေ
ပြန်ဆုံချင်လည်း မရတော့ဘူး
ငါတကယ်သိရက်နဲ့
ဟေး မေ့ပစ်ဖို့တော့ မလွယ်သေးဘူး
ဟိုးတုန်းက အဖြစ်အပျက်တွေလည်း
တိမ်ထဲက မီးခိုးများသာ
အေးချမ်းတဲ့ ညဆည်းဆာအလား
အမြဲတမ်း သိမ်းထားလို့မရပါ
အတိတ်ရဲ့အချိန် ခနပြန်လွမ်းနေ
အတိတ်ကို ခနပြန်ရောက်ချင်တယ်
ရင်ခွင်မှာ တမ်းတ
ဟိုးတချိန်ကဘဝများ
ငါတကယ်ကို တောင့်တ
ပြန်မရနိုင်တော့ပါလား
တမ်းတ ဟူး ဟူ ဟူး
တမ်းတ ဟိုး ဟိုး ဟို
တမ်းတ
Поcмотреть все песни артиста
Other albums by the artist