Kishore Kumar Hits

Y Wine - Due Htout P lyrics

Artist: Y Wine

album: Htar Wa Ra


ငါချစ်ရမှာ စိတ်ကူးရုံနဲ့
အသွေးအသားထဲက ပျော်နေတတ်ပြီ
အိပ်မက်ထဲမှာ ဆုံတွေ့လိုက်တိုင်း
မနေနိုင်ဘူး ရူးချင်ပြီ
မင်းရှေ့ကို ရောက်သွားရင်ပဲ
အားတင်းထားသမျှ အရည်ပျော်သွားတယ်
မင်းရဲ့အကြည့်မှာ မြူခိုးတွေနဲ့
မမြင်နိုင်ဘူး ဆူးတွေလည်း
ရင်ကိုဖွင့်ပြီး ဆိုမယ်
မယုံနိုင်အောင် ချစ်မိတယ်
ရင်ခုန်သံများ ချုပ်ထိန်းမရ
သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
ဝေးချင်ရင်ဝေး ခဏလောက်ဆုံဖြစ်ရင်
ငါရဲ့ကမ္ဘာကို ကျေနပ်မည်
ရင်ခုန်သံများ ချုပ်ထိန်းမရ
သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
တို့ဆုံတွေ့ခြင်း ရှုံးလည်းယူလိုက်မည်
မင်းသိအောင် ဖွင့်ပြောတော့မည်

မင်းရှေ့ကို ရောက်သွားရင်ပဲ
အားတင်းထားသမျှ အရည်ပျော်သွားတယ်
မင်းရဲ့အကြည့်မှာ မြူခိုးတွေနဲ့
ငါမမြင်နိုင်ဘူး ဆူးတွေလည်း
ရင်ကိုဖွင့်ပြီး ဆိုမယ်
မယုံနိုင်အောင် ချစ်မိတယ်
ဝိုး ဝိုး ဝိုး အိုး
ရင်ခုန်သံများ ချုပ်ထိန်းမရ
သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
ဝေးချင်ရင်ဝေး ခဏလောက်ဆုံဖြစ်ရင်
ငါရဲ့ကမ္ဘာကို ကျေနပ်မည်
ရင်ခုန်သံများ ချုပ်ထိန်းမရ
သူသိအောင် ဖွင့်ပြောမည်
ကိုယ်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
တို့ဆုံတွေ့ခြင်း ရှုံးလည်းယူတော့မည်
မင်းရှေ့မှာ ငါဒူးထောက်ပြီ
ရင်ခုန်သံများ ချုပ်ထိန်းမရ
သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
တို့ဆုံတွေ့ခြင်း ကြေကွဲစမ်းပါစေ
မင်းသိအောင် ဖွင့်ပြောတော့မည်
မင်းရှေ့မှာ ငါဒူးထောက်ရင်း
မင်းသိအောင် ရင်ဖွင့်တော့မည်

Поcмотреть все песни артиста

Other albums by the artist

Similar artists