Kishore Kumar Hits

Y Wine - A Chit Nyat lyrics

Artist: Y Wine

album: A Chit Nyat


အဝေးဆုံးက အကြင်နာဆုံးရေ
တို့နှစ်ယောက်အချစ် အတူဆုံနိုင်ဖို့လေ
ကြိုးစားရင်း ငါ ပျံနေဆဲမှာလေ
ရိုင်းစိုင်းတဲ့ ကံကြမ္မာဆိုးတွေ
တံတိုင်းများအဖြစ် ကာရံနေတော့လေ
အရှုံးပေးရင်း ငါ ငိုနေရပြီလေ
ငါ့ အလွမ်းတွေ မဖွင့်ဟနိုင်
နင့် အလွမ်းတွေ မနှစ်သိမ့်နိုင်
ငါ ဒီသီချင်းတွေသာ ဆိုညည်းခွင့်ရတာ
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာ သီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေ အချိန်တိုင်းဆို

အရှေ့နဲ့အနောက် ဘယ်လိုကွာဝေးစေ
မိုးနဲ့အောက် မဆုံနိုင်လည်းလေ
အသည်းနှလုံးတို့ တစ်နေရာထဲမှာလေ
သီချင်းများက အကြင်နာသက်သေ
မင်းအတွက်ပေါ့ ငါဆိုနေဆဲလေ
ခွင့်လွှတ်တော့ ပြန်မဆုံနိုင်တဲ့သူရေ
ငါ့ အလွမ်းတွေ မဖွင့်ဟနိုင်
နင့် အလွမ်းတွေ မနှစ်သိမ့်နိုင်
ငါ ဒီသီချင်းတွေသာ ဆိုညည်းခွင့်ရတာ
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာ သီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေ အချိန်တိုင်းဆို

နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာ သီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေ အချိန်တိုင်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အသည်းတွေ ကြေကွဲနေ
ငိုစရာ သီချင်းလေး အမြဲတမ်းဆို
နင့်အနားကို ငါမရောက်နိုင်
လှောင်အိမ်ထဲက အချစ်ငှက်လို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေ အချိန်တိုင်းဆို
ငါ့အလွမ်းတွေ နင်သိနိုင်ဖို့
ဒီသီချင်းတွေ ငါလေ အချိန်တိုင်းဆို

Поcмотреть все песни артиста

Other albums by the artist

Similar artists