Y Wine - Eai Mat Ta Ku Pya Sat Ta Ku lyrics
Artist:
Y Wine
album: La Min Nat Pin Lae
နောက်ဆုံးနှုတ်ဆက်ချိန် ရောက်ပြီ
မင်းနဲ့ငါ ရှင်ကွဲခွဲရင်း နေရတော့မယ်
ဘာကြောင့် နင်ကျောခိုင်းသွားခဲ့တာ နားမလည်ပြီ
ဟိုတုန်းကရှိခဲ့ဖူးတဲ့
ဘဝနှစ်ခုဟာ ယှဉ်တွဲထားရင်း ပြိုကွဲသွားပြီ
ရင်ထဲမှာ ပြဇာတ်တစ်ပုဒ်ဟာ ဆုံးလေပြီ
ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းအရိပ်တွေ အာရုံမှာစွန်းထင်းလို့နေလည်း
အို ပြန်ဆုံနိုင်မယ် ဒီအကြောင်းလည်း မရှိတော့ဘူး
ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းနဲ့အတူ ပျော်စရာတွေပါ ဆုံးပါးခဲ့ပြီ
ငါ ရှင်သန်နေရာကမ္ဘာထဲမှာ မင်းမရှိတော့ဘူး
ဟိုး အဝေးဆီကို တကယ်ဝေးပြီ
တို့ ပြန်ဆုံမယ် မမျှော်တော့ဘူး
အိပ်မက်တစ်ခုဟာ လွင့်ပြယ်ပြီ အရာရာကုန်ဆုံးပြီ
ဘယ်အချိန်မှာ ပြန်ရှင်သန်ဦးမလဲ
ဘယ်အချိန် ပြန်မက်ဦးမလဲ
အိပ်မက်တစ်ခုဟာ အိပ်မက်ပဲ အရာရာ လွင့်ပြယ်ပြီ
♪
ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းအရိပ်တွေ အာရုံမှာစွန်းထင်းလို့နေလည်း
အို ပြန်ဆုံနိုင်မယ် ဒီအကြောင်းလည်း မရှိတော့ဘူး
ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းနဲ့အတူ ပျော်စရာတွေပါ ဆုံးပါးခဲ့ပြီ
ငါ ရှင်သန်နေရာ အမှောင်ထဲမှာ မင်းမရှိတော့ဘူး
ဟိုး အဝေးဆီကို တကယ်ဝေးပြီ
တို့ ပြန်ဆုံမယ် မမျှော်တော့ဘူး
အိပ်မက်တစ်ခုဟာ လွင့်ပြယ်ပြီ အရာရာကုန်ဆုံးပြီ
ဘယ်အချိန်မှာ ပြန်ရှင်သန်ဦးမလဲ
ဘယ်အချိန် ပြန်မက်ဦးမလဲ
အိပ်မက်တစ်ခုဟာ အိပ်မက်ပဲ အရာရာ လွင့်ပြယ်ပြီ
ဟိုး အဝေးဆီကို တကယ်ဝေးပြီ
တို့ ပြန်ဆုံမယ် မမျှော်တော့ဘူး
အိပ်မက်တစ်ခုဟာ လွင့်ပြယ်ပြီ အရာရာကုန်ဆုံးပြီ
ဘယ်အချိန်မှာ ပြန်ရှင်သန်ဦးမလဲ
ဘယ်အချိန် ပြန်မက်ဦးမလဲ
အိပ်မက်တစ်ခုဟာ အိပ်မက်ပဲ အရာရာ လွင့်ပြယ်ပြီ
Поcмотреть все песни артиста
Other albums by the artist