Zaw Win Htut - Lu Mhar lyrics
Artist:
Zaw Win Htut
album: THE JOURNEY I
အစတုန်းက မြှောက်ပင့်ပေးတယ်
ငါသွေးနဲ့သီချင်းသစ် ရေးမယ်
တကယ်ဒုက္ခရောက်တော့ပြေးတယ်
လူတွေ လူတွေ
အမှောင်ထဲငါရောက်သွားရော
တယောက်မှသတိမရဘူး
ဘယ်သူမှမရှိကြဘူး ဪ လူတွေ
လူတွေ
ကျရှုံးတော့ဝမ်းနည်းရမယ်
အနိုင်ရတော့နှစ်သက်ကြတယ်
လွန်ကဲတဲ့အတ္တစိတ်ရယ် လူတွေ
လူတွေ
ခဏတာဘဝခရီးကို ပြိုင်ဆိုင်တိုးဝှေ့
ရင်းနဲ့ပဲ နေဝင်မိုးချုပ်သွားကြတယ်
လူတွေ လူတွေ
အမှားတွေလုပ်ယင်း အမှားကြီးမှားကြတယ်
ရက်စက်တတ်ကြတယ်
မသိကြသေးဘူးလား မကောင်းယင်
နေကြ အဆိုးများတော့အားမပေးနဲ့
နောက်ဆုံးတော့လောကကို
အမှန်တရားကနိုင်လိမ့်မယ်
အမှောင်ထဲငါရောက်သွားရော
တယောက်မှသတိမရဘူး
ဘယ်သူမှမရှိကြဘူး
အို လူတွေ လူတွေ
ခဏတာဘဝခရီးကို ပြိုင်ဆိုင်
တိုးဝှေ့ရင်းနဲ့ပဲ နေဝင်မိုးချုပ်သွားကြတယ်
ဪလူတွေ လူတွေ
အမှားတွေလုပ်ယင်း အမှားကြီးမှားကြတယ်
ရက်စက်တတ်ကြတယ် မသိကြသေးဘူး
လား မကောင်းယင်နေကြ အဆိုးများတော့
အားမပေးနဲ့ နောက်ဆုံးတော့ လောကကို
အမှန်တရားသာနိုင်လိမ့်မယ်
အမှားတွေလုပ်ယင်း အမှားကြီးမှားကြတယ်
ရက်စက်တတ်ကြတယ် မသိကြသေးဘူးလား
မကောင်းယင်နေကြ အဆိုးများတော့အားမပေးနဲ့
မျှမှတတပေါ့ အသက်ရှင်ချိန်လေးမှာ
Поcмотреть все песни артиста
Other albums by the artist