Kishore Kumar Hits

Zaw Win Htut - A Thet Mae Sein Lan Chin lyrics

Artist: Zaw Win Htut

album: Arr Lone Yae Ko Sar

ဟေ့ ရှေ့ဆက်ပြီး ငါ ဘယ်သွားမလဲ မေးခွန်းတွေက
ရောက်ခဲ့ စိမ်းစိုလန်းတဲ့ကမ္ဘာကြီးရဲ့ တောနဲ့တောင်ကြား
ငါ့ခြေလှမ်းတွေ နောက်ဆုံးအထိ မင်းမရှိခဲ့ချိန်မှ
ဘဝရဲ့စိမ်းစိုလန်းတဲ့ကမ္ဘာကြီးလည်း အသက်မဲ့လို့သွား
မရေရာတိမ် လေနှင်ရာ မျောလွင့်လိုက်လို့သွား
မင်းမရှိခဲ့ချိန် အသည်းထဲက အထိနာ
ငါ့ရင်ခွင် ဝေဒနာပင် မင်းပျိုးခဲ့လေသလား
စိမ်းလန်းလွန်းနေ နာကျင်ဆဲ ဗလာရင်ခွင် အိမ်ပြန်ချိန်
ငါ့လက်ထဲက လွတ်ကျသွား
အချစ်ဟာ အခိုးအငွေ့လား
သိပ်မျှော်လင့်လေသမျှ
ဘယ်မလဲ ကလေးရေ
ငါ့ကမ္ဘာထဲကို တစ်ခေါက်ပြန်သွား
စိမ်းစိုလန်းနေတဲ့ ကမ္ဘာအား
ငေးကြည့်ရင်းနဲ့ အသည်းအိမ်က
နောက်ဆုံး ရှင်သန်ဦးမလား

ငါ့ကမ္ဘာထဲကို ပြန်ပြီးသွား
စိမ်းစိုလန်းနေတဲ့ ကမ္ဘာအား
ငေးကြည့်ရင်းနဲ့ အသည်းအိမ်က
နောက်ဆုံး ရှင်သန်ဦးမလား

Поcмотреть все песни артиста

Other albums by the artist

Similar artists