Zaw Paing - Hlyot What Htar Tal lyrics
Artist:
Zaw Paing
album: A Maw Pyay
မမြင်နိုင်အောင် လျှို့ဝှက်ထားတဲ့ အကြင်နာမျက်ဝန်းတွေ
ငါ့အချစ်တွေ မင်းလေးမသိအောင် ဟန်ဆောင်လိမ်ညာရင်း
မဆုံနိုင်အောင် ကြိုးစားရင်း ငါ နာကျင်နေပါပြီ
ဘယ်သူမှမသိနိုင်တဲ့ ငါ့အချစ်တွေ
မင်းလည်း မသိဖို့လေ
♪
မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာ သိုဝှက်ရင်း
အတူဆုံချိန် အိပ်မက်ထဲမှာ အကြင်နာကို ရင်ဖွင့်
အမှောင်မှာ ရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ
ဟန်ဆောင် မျိုသိပ်ထားတဲ့ အချစ်တွေ
မင်း မသိနဲ့တော့လေ
တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှ
ဆုံစည်းဖို့ မဖြစ်နိုင်ခဲ့
အကြင်နာရှိနှင့်ထားသူ မင်းနဲ့ဝေးရာ
ရှောင်ဖယ်နေပါမယ်
ငိုရင် ငါ့ရဲ့အခန်းမှာ လူတွေမသိအောင်
တိတ်တဆိတ် ကျိတ်ငိုမယ်
အိပ်မက်ထဲတော့ အပြစ်ယူ မရက်စက်ပါနဲ့
တို့ တွေ့ကြမယ်
♪
မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာ သိုဝှက်ရင်း
အတူဆုံချိန် အိပ်မက်ထဲမှာ အကြင်နာကို ရင်ဖွင့်
အမှောင်မှာ ရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ
ဟန်ဆောင် မျိုသိပ်ထားတဲ့ အချစ်တွေ
မင်း မသိနဲ့တော့လေ
တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှ
ဆုံစည်းဖို့ မဖြစ်နိုင်ခဲ့
အကြင်နာရှိနှင့်ထားသူ မင်းနဲ့ဝေးရာ
ရှောင်ဖယ်နေပါမယ်
ငိုရင် ငါ့ရဲ့အခန်းမှာ လူတွေမသိအောင်
တိတ်တဆိတ် ကျိတ်ငိုမယ်
အိပ်မက်ထဲတော့ အပြစ်ယူ မရက်စက်ပါနဲ့
တို့ တွေ့ခွင့်လေး
ဘယ်သူမှ မသိနိုင်ဘူး
ငါတစ်ယောက်ထဲ မင်းကြောင့်ရူး
ဟန်ဆောင်အချစ်ရှုံးသူ
ချစ်ခဲ့ခြင်းက မှားယွင်းပြီ
ဘယ်သူမှ မသိလိုက်ဘူး
ပူလောင်သော အချစ်တွေစူး
ဟန်ဆောင်အချစ်ရှုံးသူ
အရာရာ ကြေပျက်သွားခဲ့ပြီ
ဘယ်သူမှ မသိနိုင်ဘူး
ငါတစ်ယောက်ထဲ မင်းကြောင့်ရူး
ဟန်ဆောင်အချစ်ရှုံးသူ
ချစ်ခဲ့ခြင်းက မှားယွင်းပြီ
ဘယ်သူမှ မသိခဲ့ဘူး
ပူလောင်သော အချစ်တွေစူး
ဟန်ဆောင်အချစ်ရှုံးသူ
အရာရာ ကြေပျက်သွားခဲ့ပြီ
Поcмотреть все песни артиста
Other albums by the artist