Lay Phyu - Myu lyrics
Artist:
Lay Phyu
album: Myu
ခဏလောက်ပြန်စဉ်းစားဖို့ ငါ့အတွေးတွေ
သစ်ရွက်လို တစ်ဖြုတ်ဖြုတ်နဲ့ကြွေကျ
ငါ့ဦးနှောက်ထဲမှာ ဘာမှမရှိတော့
ညနက်တွေ ဒီ့ထက်ပိုပြီး ငါဟာ မမှောင်တော့ပါ
ခါးသီးပေမယ့် ငါ့အားဆက်ပြီး တွယ်ငြိနေတုန်း
ငါရုန်းမထွက်ချင်ဘူး...
ဟူး... ငါ့ရဲ့အချစ်တို့ဟာ မင်းအတွက် ဟုတ်ခဲ့သလား
ဒါဟာ ပူဆွေးစရာ ဒီ့ထက်မပိုဘူးကွာ
ဟူး... ငါ့ရဲ့ နှလုံးသားဟာ မသဲကွဲသေးဘူးကွာ
မြူတွေ ပိတ်ဖုံးထား ဘာမှမြင်ဖို့ မလွယ်ကူသေးပါ...
လမ်းခွဲမှာ လွမ်းလောက်စရာ သိပ်များတယ်
တစ်ခန်းရပ် ဇာတ်လမ်းတစ်ပုဒ်လို
ပြန်ပြီးတွေးမိရင် အကုန် ဟောင်းနွမ်းသွားဆဲ
အဖြစ်အပျက်တွေ မနေ့ကလို ကျန်ရစ်တယ်
တိမ်လိုမျောလွင့်သွားပြီပဲ
နောက်ဆုံးနှုတ်ဆက်ချိန် ဒါခဏလေး သိမ်းထားမယ်
ဟူး... ဘဝက အချစ်အတွက်လား
လေထဲက မီးတောက်ငယ်
တစ်ချိန်မှာ လောင်ကျွမ်းစရာ ဒီ့ထက်မပိုဘူးကွာ
ဟူး... ငါ့ရဲ့နှလုံးသားဟာ မသဲကွဲသေးဘူးကွာ
မြူတွေ ပိတ်ဖုံးထား
ဘာမှမြင်ဖို့မလွယ်ကူသေးပါ ခဏလောက်ပြန်စဉ်းစားဖို့ ငါ့အတွေးတွေ
သစ်ရွက်လို တစ်ဖြုတ်ဖြုတ်နဲ့
ငါ့ဦးနှောက်ထဲမှာ ဘာမှမရှိတော့
ညနက်တွေ ဒီ့ထက်ပိုပြီး ငါဟာ မမှောင်တော့ပါ
ခါးသီးပေမယ့် ငါ့အားဆက်ပြီး တွယ်ငြိနေတုန်း
ငါရုန်းမထွက်ချင်ဘူး...
ဟူး... ငါ့ရဲ့အချစ်တို့ဟာ မင်းအတွက် ဟုတ်ခဲ့သလား
ဒါဟာ ပူဆွေးစရာ ဒီ့ထက်မပိုဘူးကွာ
ဟူး... ငါ့ရဲ့ နှလုံးသားဟာ မသဲကွဲသေးဘူးကွာ
မြူတွေ ပိတ်ဖုံးထား ဘာမှမြင်ဖို့ မလွယ်ကူသေးပါ...
Поcмотреть все песни артиста
Other albums by the artist