Lay Phyu - Gabar Myae Out lyrics
Artist:
Lay Phyu
album: Diary
ငါ့ရဲ့ညက လုံးဝမှောင်နေလို့
ရှစ်မျက်နှာအရပ် လုံးဝ ပတ်ဆို့
တိတ်ဆိတ်ခြင်းက ငါ့အတွက် ဟစ်အော်လို့
ငါရဲ့အရိပ်က စိတ်နဲ့ထပ်နေလို့
သေချာတာက ငါ့အသိတွေထဲ
ကမ္ဘာမြေအောက်ပဲ
အမြင်အာရုံထဲ လျှောက်မိနေတဲ့
ကမ္ဘာမြေအောက်ပဲ
အစိမ်းလိုက်ဝါးမယ့် အကြည့်နဲ့ကြည့်နေလို့
ရက်စက်တတ်တဲ့ စကားကချိုမြိန်ဖို့
ကောက်ကျစ်မှုက အစပြုရှင်သန်လို့
ထွက်ပေါက်တခုတော့ အမြဲတမ်းရှိနေလို့
ဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေက
ကမ္ဘာမြေအောက်ထဲ
သေချာနေတဲ့ လုပ်ရပ်တွေက
အဓိပ္ပါယ်မဲ့တယ်
ငါ့ကို မဆွဲနဲ့
လာမထိနဲ့
ငါ့စိတ်က နယ်ကျွံနေလို့
ငါ့ကို မထိနဲ့
လာမငြိနဲ့
ငါ့စိတ်က နယ်လွန်နေလို့
ငါ့ကို မဆွဲနဲ့
လာမထိနဲ့
ငါ့စိတ်က နယ်ကျွံနေလို့
ငါ့ကို မထိနဲ့
လာမငြိနဲ့
ငါ့စိတ်က နယ်လွန်နေလို့
သေချာတာက ငါ့အသိတွေထဲ
ကမ္ဘာမြေအောက်ပဲ
မြင်အာရုံထဲ လျှောက်မိနေတဲ့
ကမ္ဘာမြေအသစ်ထဲ
ကမ္ဘာမြေအောက်ပဲ
Поcмотреть все песни артиста
Other albums by the artist