Kishore Kumar Hits

Lynn Lynn - မငြိတွယ်နဲ့ lyrics

Artist: Lynn Lynn

album: စဥ်းစားပါ


ငါသိထားတဲ့
အချစ်က မင်းလိုမျိုး မဟုတ်ခဲ့
စိတ်ကူးတွေနဲ့
ပြန်တိုက်ကြည့်တော့
အကုန်အမှားကြီး မှား
ငါဖြတ်သန်းတဲ့
ဘဝက မင်းနဲ့ ခြားနားလွန်း
အရင် ဟိုအဝေး
အတိတ်ကို ဆေးအသစ်
ပြင်ရေး မရတော့
ငါယုံကြည်တဲ့ အချစ်ဆိုတာ
တိမ်တွေ ဟိုဒီ လျှောက်ပြေးလွှားသလိုပါ
လေထုထဲမှာ မျောလွင့်ကာ
လေထုထဲမှာ ပျောက်ကွယ်လို့ သွားသလိုပါ
ဟေး
ငါ့ကိုမင်းမငြိတွယ်နဲ့တော့ ဟေ့
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေး
အဝေးကို ပြန်ချင်ပြန်ပါ
ဟေး
အချစ်ကို မင်းမကိုးကွယ်နဲ့တော့ ဟေ့
အကြင်နာဆိုတာ ကြုံတုန်း အရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနှစ်ပြီး
ပျော်ပစ်လိုက် ငါ့ရင်မှာ

ရင်ခုန်တုန်း ခဏပါ
နောက်ဆို တဖြည်းဖြည်း သွေးအေးသွားမှာ
ဒါ ဒီလိုပဲ
အခုထိတော့ လှုပ်ခတ်နေတုန်းပဲပေါ့
အိပ်မက်လေးပဲ
အလင်းရောင်ထိုးတော့
လန့်နိုးလို့ သွားမှာပါ
ဒါပါပဲ
သိနှင့်နေပြီးသား ဇာတ်လမ်းတစ်ပုဒ်ပေါ့
ဟေး
ငါ့ကို မင်းမငြိတွယ်နဲ့တော့ ဟေ့
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေး
အဝေးကို ပြန်ချင်ပြန်ပါ
ဟေး
အချစ်ကို မင်းမကိုးကွယ်နဲ့တော့ ဟေ့
အကြင်နာဆိုတာ ကြုံတုန်း အရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနှစ်ပြီး
ပျော်ပစ်လိုက် ငါ့ရင်မှာ

ငါယုံကြည်တဲ့ အချစ်ဆိုတာ
တိမ်တွေ ဟိုဒီ လျှောက်ပြေးလွှားသလိုပါ
ဟေး
ငါ့ကို မင်းမငြိတွယ်နဲ့တော့ ဟေ့
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေး
အဝေးကို ပြန်ချင်ပြန်ပါ
ဟေး
အချစ်ကို မင်းမကိုးကွယ်နဲ့တော့ ဟေ့
အကြင်နာဆိုတာ ကြုံတုန်း အရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနှစ်ပြီး
ပျော်ပစ်လိုက် ငါ့ရင်မှာ
ဟေး
ငါ့ကို မင်းမငြိတွယ်နဲ့တော့ ဟေ့
ဝင်လာမယ်ဆို ငါတံခါးဖွင့်ရုံပါ
ပြန်ချင်တယ်ဆို အချိန်မရွေး
အဝေးကို ပြန်ချင်ပြန်ပါ
ဟေး
အချစ်ကို မင်းမကိုးကွယ်နဲ့တော့ ဟေ့
အကြင်နာဆိုတာ ကြုံတုန်း အရိပ်ခိုစရာ
အတူဆုံချိန်မှာ စိတ်ထဲနှစ်ပြီး
ပျော်ပစ်လိုက် ငါ့ရင်မှာ

Поcмотреть все песни артиста

Other albums by the artist

Similar artists