Kishore Kumar Hits

Bo Phyu - Min Ah Twat Ah Myal Ah Chit Oo lyrics

Artist: Bo Phyu

album: Min Ah Twat Ah Myal Ah Chit Oo


ပင်ပေါ် ချယ်ရီပန်းတွေ ဖူးပွင့်ခဲ့ပြီ
နှင်းမိုးမှုန်မှုန်ကြားမှာ မျက်လုံးလေးပွတ်ပြီး
အိပ်မပျော်တဲ့မေတ္တာ တစ်ရေးနိုးလို့လေ လမ်းထလျှောက်ပြီ
နှစ်သစ်ရဲ့အချစ်ဟောင်း...

အိပ်တန်းဝင်တဲ့ငှက်တွေ တေးထပ်ညီးပြီ
ဝိုးတဝါးအရုဏ်ဦးမှာ အားများစုပြီး
လမ်းမှတ်တိုင်မဲ့ကောင်းကင် ဝေ့ရင်း ဝဲရင်း စမ်းသပ်ရင်းပျံ
နှစ်သစ်ကို ကြိုမှာ...

မနှစ်က အချစ်မျိုး ကနေ့ရဲ့အချစ်မျိုး ညီမျှခြင်းရှာရင်း
မနေ့နဲ့ကနေ့ နောက်မနက်ဖြန်လည်း
အို အားလုံးအချစ်များ အမြဲတမ်းတူမယ်
အမြဲတမ်း တူရမယ်...
မနှစ်က အချစ်မျိုး ကနေ့ရဲ့အချစ်မျိုး ညီမျှခြင်းရှာရင်း
မနေ့နဲ့ကနေ့ နောက်မနက်ဖြန်လည်း
အမြဲတမ်း တူရမယ်...

ရင်မှာဆန္ဒတစ်ခုနဲ့ တိတ်တိတ်မွေးလာ
ဘုရားကြီးမှာဆုတောင်းလည်း အချစ်ရှိပြီးသား
ကိုယ့်ရဲ့ကြင်ဖော်ဖူးစာ ပေါင်းဖက်ရမှ ဖွင့်ပြောပါ့မယ်
မင်းအတွက် အမြဲ အချစ်ဦး...

ပင်ပေါ် ချယ်ရီပန်းတွေ ဖူးပွင့်ခဲ့ပြီ
နှင်းမိုးမှုန်မှုန်ကြားမှာ မျက်လုံးလေးပွတ်ပြီး
အိပ်မပျော်တဲ့မေတ္တာ တစ်ရေးနိုးလို့လေ လမ်းထလျှောက်ပြီ
နှစ်သစ်ရဲ့အချစ်ဟောင်း...

မနှစ်က အချစ်မျိုး ကနေ့ရဲ့အချစ်မျိုး ညီမျှခြင်းရှာရင်း
မနေ့နဲ့ကနေ့ နောက်မနက်ဖြန်လည်း
အို အားလုံးအချစ်များ အမြဲတမ်းတူမယ်
အမြဲတမ်း တူရမယ်...
မနှစ်က အချစ်မျိုး ကနေ့ရဲ့အချစ်မျိုး ညီမျှခြင်းရှာရင်း
မနေ့နဲ့ကနေ့ နောက်မနက်ဖြန်လည်း
အမြဲတမ်း တူရမယ်...

Поcмотреть все песни артиста

Other albums by the artist

Similar artists