Kishore Kumar Hits

Bo Phyu - Gan Na Win Ah Chit Thal lyrics

Artist: Bo Phyu

album: Min Ah Twat Ah Myal Ah Chit Oo


အိုး... သီချင်းသည်လေးရေ
မင်းနှလုံးသားက ထွက်ပေါ်လာတဲ့ဘဝခံစားမှုတေးသံဟာ
ငါ့စိတ်ကို လှိုင်းထစေပြီ...

အိုး... သီချင်းသည်လေးရေ
နှလုံးသားကြားက ဖွားမြင်လာတဲ့အချစ်ရဲ့ရသတေးသံဟာ
ငါ့အသိကို နိုးကြားလေပြီ...
ဘဝလမ်းကြောင်းကိုဖြတ်ကူးပြီးတဲ့ မင်းတေးသံနဲ့ရယ်
အချစ်ခရီးလမ်းကိုပါ ဖြတ်ကူးနှင့်ပြီပေါ့
ဘယ်ခြေလှမ်းကိုစပြီး လွင့်မယ် ငါ့ဘဝ ခဏလေးမှာ
အချစ်နှုတ်ခမ်းပေါ်မှာ ခလုတ်ထိ နမ်းပြီပေါ့...

ဂန္ထဝင်သီချင်းသည်ရေ
မင်းရဲ့ဂန္ထဝင်မြောက် တေးမြှူသံကို
ကြားပါရစေလား
နားထောင်ပါရစေလား
မင်းပျောက်သွားပေမယ့် မင်းရဲ့တေးသံဟာ
မင်းကိုယ်စား ကျန်နေရစ်ပြီပေါ့
ငါ့ကို ဖျော်ဖြေရစ်ပြီပေါ့...

ဘယ်ကလာပြီး
ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...

ဘယ်ကလာပြီး
ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...

Поcмотреть все песни артиста

Other albums by the artist

Similar artists