ဆောင်းနှင်းလေးများကြားက
ထိုင်ခုံတန်းလျားလေးမှာလေ
ဂစ်တာလေးထက်ပြေးဆော့လို့နေ
ကြင်နာသူလက်ကလေး
အသာအယာ ကိုင်တွယ်ကြည့်တော့ နူးညံ့
အတွေးလေးများ ဆွတ်ပျံ့
တို့ရဲ့အနားမှာ မင်းက
ဟိုတုန်းက သီချင်းတွေ ဆို
ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ
ကြားခွင့် မရတော့အောင်
အဝေးကြီး မင်းထွက်သွားတော့
ဒီဂစ်တာငယ်ဟာ သံစဉ်ပျောက်
ပိုင်ရှင်လေးကင်းမဲ့ ဒီအသည်းထဲ
ရင်ခုန်ခြင်းက ကြိုးများလျော့
မင်းမရှိတဲ့အခါ တို့ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
ဝမ်းနည်းတဲ့ ညများထဲ
ဂစ်တာလေးလည်း လွမ်းနေသလို
သံစဉ်များအားလုံးလို တိတ်ဆိတ်
ရင်ခုန်တာတောင် အသံတွေ တိုး
ဟိုစဉ်ပျော်စရာကောင်းတဲ့ သီချင်းများ
အိမ်မက်ထဲလည်း မကြား
အဖော်မဲ့ခဲ့သူလေး ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ
ကြားခွင့် မရတော့အောင်
အဝေးကြီး မင်းထွက်သွားတော့
ဒီဂစ်တာငယ်ဟာ သံစဉ်ပျောက်
စည်းချက်မှားခဲ့ အသည်းမှာလေ
အချစ်ရဲ့ ကြိုးများလျော့
မင်းမရှိတဲ့အခါ တို့ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
ဒူ-ဒူ-ဒူး-ဒူး-ဒူး
ဒူ-ဒူ-ဒု-ဒု-ဒူ
အူးဟူ... ဟူ...
မနက်ဖက်တိုင်း တို့နိုးတော့
အပြင်ကို နားစွင့်မိရင်လေ
သံစဉ်များအားလုံးလို တိတ်ဆိတ်
ရင်ခုန်တာတောင် အသံတွေတိုး
ဟိုစဉ် ပျော်စရာကောင်းတဲ့ သီချင်းများ
အိမ်မက်ထဲလည်း မကြား
အဖော်မဲ့ခဲ့သူလေး ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ
ကြားခွင့် မရတော့အောင်
အဝေးကြီး မင်းထွက်သွားတော့
ဒီဂစ်တာငယ်ဟာ သံစဉ်ပျောက်
ပိုင်ရှင်လေးကင်းမဲ့ အသည်းထဲ
ရင်ခုန်သံတွေက ကြိုးလျော့
မင်းမရှိတဲ့အခါ တို့ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
မင်းမရှိတဲ့အခါတို့ဘဝ
သီချင်းမရှိတဲ့ ဂစ်တာ
ဒူ-ဒူ-ဒူး-ဒူး-ဒူး
ဒူ-ဒူ-ဒု-ဒု-ဒူ
အူးဟူ... ဟူ...
Поcмотреть все песни артиста
Other albums by the artist