Mary - A Lwan Pyay lyrics
Artist:
Mary
album: Midnight Thoughts
မလှုပ်နဲ့
ခဏလောက်စိတ်ဖြေ အသက်ထွက်
မရပ်လိုသေးခင် မှေးစက်မယ်
ငါလေရင်မောတယ်
ဘာတန်ခိုးလဲ
ဖမ်းဆုပ်လို့ အိပ်မက်ထဲ
ယောင်လည်လည် လွင့်မျောမယ်
ရှင်သန်ရ ခက်တယ်
သွားပြီ ငါ့ဘဝလေး
ဝေဟင်ကြီးထဲ အရည်ပျော်သွား
အနားမှာ သူ့ရနံ့တွေ
နံရံကြီးက သိမ်းဆည်းထား
အလွမ်းပြေ
စောင့်မျှော်နေလည်း အလွမ်းတွေ
တိုးကာနေဆဲ ခြေလှမ်းတွေ
ထွက်ခွာ ဟိုအဝေးပြေး
♪
အဆုံးသတ်
ဝေးသထက်ဝေးရာ လွင့်မယ့်
လေဟာနယ်လို အတိတ်ရဲ့
ပုံတူ ကျက်ထားမယ်
လျှပ်တပြတ်
နားထဲပဲ့တင် နင့်နာမည်
မိုးစက်များ ရွာချခဲ့
အရာရာဟာ မှားတယ်
ခံစားချက်ကလေး
လာရာလမ်းက ပြန်ကာသွား
အနားမှာ သူရနံ့တွေ
နံရံကြီးက သိမ်းဆည်းထား
အလွမ်းပြေ
စောင့်မျှော်နေလည်း အလွမ်းတွေ
တိုးကာနေဆဲ ခြေလှမ်းတွေ
ထွက်ခွာ ဟိုအဝေးပြေး
ဟူး ငါလေလွမ်းလို့ပါ
ဟူး ဘယ်ဆီရောက်လို့နေလဲ
ဒီ အလွမ်းရက်ရှည်များ
ဟိုး ငါလေလွမ်းလို့ပါ
ဟူး ဘယ်ဆီရောက်လို့နေလဲ
လာ ဒါ ဒါး ဒါး ဒါ
အလွမ်းပြေ
စောင့်မျှော်နေလည်း အလွမ်းတွေ
တိုးကာနေလည်း ခြေလှမ်းတွေ
ထွက်ခွာ ဟိုအဝေးပြေး
အလွမ်းပြေ
စောင့်မျှော်နေလည်း အလွမ်းတွေ
တိုးကာနေတယ် ဆုံးဖြတ်ချက်လေးတခုပဲ အချစ်ရာ
ထာဝရ ဆိုတဲ့အတိုင်း
လွမ်းမိသွားမှာစိုး
Поcмотреть все песни артиста
Other albums by the artist