The Marionette - Echoed Laughter lyrics
Artist:
The Marionette
album: Outlines of White
ရင်ထဲသို့...
ဝင်ရောက်လာသမျှ ရင်ဆိုင်ရမှာငါ
ထပ်ပြီးတော့မလိုအပ်ပါ ငါခံစားပြီးနေလို့
ငါ...မျှော်လင့်ဖို့မလို
ညှိုနှိုင်းဖို့မဖြစ်နိုင်ပါ ငရဲကိုငါ ဆက်ပြီးတိုး
အနေအထိုင်မတတ်သူပါ ယဉ်ယဉ်လေးသာငါ
နင်... ပါမလားလို့
♪
တီးတိုးရွတ်နေမိ ငါရဲ့လိပ်ပြာအသိ
ဦးနှောက်က လက်ခံနိုင်သလောက်သာ
အဆုံးသတ်ရောက်ချိန်ထိ ငါ့အတွက်တော့အဖြေမရှိ
ဟိုးအစက အသိဥာဏ်တွေနည်းကာ
အခု...
လှောင်နေဆဲရယ်သံများ
မင်းမရှိတဲ့အခါ
အမြဲ... ရပ်တည်နိုင်မလား
မင်း... ငါ့ရှေ့မှောက်မှာ
အမြဲ...ပြုံးပျော်နိုင်မလား
အခု...
လှောင်နေဆဲရယ်သံများ
♪
ရင်ခွဲဖို့.
နင်ရွေးချယ်ပါ ငါ့ကိုသာ
ငါရုန်းမထွက်နိုင်တော့ပါ ငါကျရှုံးပြီးနေလို့
နင်... ပျော်သလောက်ငါ့ကို
♪
တီးတိုးရွတ်နေမိ ငါရဲ့လိပ်ပြာအသိ
ဦးနှောက်က လက်ခံနိုင်သလောက်သာ
အဆုံးသတ်ရောက်ချိန်ထိ ငါ့အတွက်တော့အဖြေမရှိ
ဟိုးအစက အသိဥာဏ်တွေနည်းကာ
အခု...
လှောင်နေဆဲရယ်သံများ
ရင်ကိုခွဲပြီး ပျံနိုင်မယ့်အထိ
အဝေးဆုံးကို လွင့်ထွက်အောင် ကန်ထုတ်လိုက်
အိပ်မက်ဆိုးလား ငါဟာဝိုးတဝါး
ငါ့ဘဝမှာ မင်းအရိပ်တွေ လှောင်ပိတ်ထား
ရေမြေအဆုံး ကမ္ဘာမြေတဖက်စီ
ငါပြေးထွက်ခဲ့ချိန်
အခု...
လှောင်နေဆဲရယ်သံများ
မင်းမရှိတဲ့အခါ
အမြဲ... ရပ်တည်နိုင်မလား
မင်း... ငါ့ရှေ့မှောက်မှာ
အမြဲ...ပြုံးပျော်နိုင်မလား
အခု...
လှောင်နေဆဲရယ်သံများ
Поcмотреть все песни артиста
Other albums by the artist